DVB Logo
Home
မြန်မာသတင်း
ဦးသန်းရွှေ နှင့် အပေါင်းပါများ မြန်မာ့အဖိုးတန်ကျောက်မျက်များ ကိုယ်ကျိုးရှာထုတ်ယူဟု စွပ်စွဲ
DVB
·
October 23, 2015
ဦးသန်းရွှေ နှင့် အပေါင်းပါများ မြန်မာ့အဖိုးတန်ကျောက်မျက်များ ကိုယ်ကျိုးရှာထုတ်ယူဟု စွပ်စွဲ
Donate to DVB

အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တခြားနာမည်ဆိုးနဲ့ကျော်ကြားသူတွေရဲ့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဟာ နိုင်ငံရဲ့ အဖိုးအတန်ဆုံး သဘာဝအရင်းအမြစ်နဲ့ ကျောက်မျက်ရတနာတွေကို စိတ်ကြိုက်ရွေးယူပြီး ကိုယ်ကျိုးအတွက် အကျိုးအမြတ် ထုတ်နေတယ်လို့  လန်ဒန်အခြေစိုက် Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက် နေ့က  Global Witness အဖွဲ့ကထုတ်ပြန်တဲ့  ကျောက်စိမ်း သို့မဟုတ် မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အစီရင်ခံစာမှာ အခုလို ရေးသားထားတာပါ။

ကျောက်စိမ်းကရတဲ့ အကျိုးအမြတ်တွေကို မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ ကချင်ပြည်နယ် တိုင်းမှူးဟောင်း ဦးအုန်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဘုန်းဆွေ၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းသန်းတို့က ရရှိတယ်လို့ အစီရင်ခံစာကရေးပါတယ်။

ဦးသန်းရွှေ၊ ဦးမောင်မောင်သိန်းနဲ့ ဦးအုန်းမြင့်တို့ရဲ့ မိသားစုတွေဟာ ၂၀၁၄ အစိုးရ တရားဝင် ကျောက်စိမ်းအရောင်းပြပွဲမှာ အခွန်မဆောင်မီ ရောင်းချငွေ ဒေါ်လာသန်း ၂၂၀၊ ၂၀၁၃ အရောင်းပြပွဲတွင် အမေရိကန်ဒေါ်လာ ၆၇ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ၂၀၁၃-၁၄ အရောင်းပြပွဲ ၂ ခုတွင် ဦးသန်းရွှေ မိသားစု ပါဝင်နေတဲ့ ကုမ္ပဏီတွေက ဒေါ်လာ သန်း ၁၅၀ ထပ်မံ ရောင်းချနိုင်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကျောက်စိမ်းတွင်းကရတဲ့ အကျိုးအမြတ်ကို ပြည်သူတွေက အကျိုးကျေးဇူး မခံစားရဘူးလို့လည်း ဆိုပါတယ်။

ရေပေါ်ဆီလူတန်းစားတွေဟာ ကျောက်စိမ်းကဏ္ဍမှာ တရားမ၀င် ရန်ပုံငွေ အမြောက်အများကို အလွယ်တကူ ရရှိနေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

ကျောက်စိမ်းကဏ္ဍရဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပေမယ့်လည်း သုတေသန သုံးသပ်ချက်နဲ့ တရုတ်နိုင်ငံရဲ့ သွင်းကုန်အချက်အလက်တွေအရ ၂၀၁၄ ခုနှစ် တနှစ်တည်းပင်လျှင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံရှိသလို လုပ်ငန်းတခုလုံးရဲ့ တန်းဖိုးဟာ အမေရိကန် ဒေါ်လာ ၃၁ ဘီယံခန့်ရှိတယ်လို့ ဆိုပါတယ်။

ဒီကိန်းဂဏန်းဟာ အစိုးရ ကျန်းမာရေး အသုံးစရိတ်ရဲ့ ၄၆ ဆရှိပြီး တနိုင်ငံလုံး တရားဝင် အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ)ရဲ့ ၄၈ ရာခိုင်နှုန်း အထိရှိနေပါတယ်။

ကျောက်စိမ်းမှ ရရှိသောဝင်ငွေတွေ ဘယ်ကို ရောက်သွားသလဲဆိုတာကိုလည်း အမြန်ဆုံး သိဖိုလိုတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

ဒါအပြင် အစိုးရကို ထောက်ပံ့သည့် အနောက်နိုင်ငံအစိုးရများထဲက အမေရိကန်က ဒီကဏ္ဍမှာ ပါပါဝင်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013