DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းရဲ့ရုပ်နဲ့ ပြိုင်ကြမှာဆိုတော့ မဖြုံဘူး - ဦးလှဆွေ (ရုပ်သံ)
DVB
·
October 23, 2015
ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းရဲ့ရုပ်နဲ့ ပြိုင်ကြမှာဆိုတော့ မဖြုံဘူး - ဦးလှဆွေ (ရုပ်သံ)
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တခုတည်းနဲ့သာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် သူ့အနေနဲ့ မဖြုံပါဘူးလို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောလိုက်ပါတယ်။

မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာမှာ ရောက်ရှိနေတဲ့ ဦးလှဆွေကို ဒီဗွီဘီ နယ်ခံသတင်းထောက်က အောက်တိုဘာ ၂၁  ရက်နေ့မှာ တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့တာပါ။

ဦးလှဆွေက "ကျနော် မဖြုံပါဘူး။ ကျနော်တို့ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု မြင်တဲ့အတိုင်းပဲလေ၊ ကျနော့် လူထုက ကျနော့်ဘက်က ရာခိုင်နှုန်း အများကြီးရှိတယ်။ ဒါကြောင့်မို့ ကျနော် အေးအေးဆေးဆေးပါပဲ။ ဘာလို့လဲဆိုတော့ အဓိက သူတို့ကိုယ်စားလှယ်တွေရဲ့ ability က ကျနော့်ကို မယှဉ်နိုင်ဘူး။ သူတို့က ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းရဲ့ ရုပ်နဲ့ ယှဉ်ပြိုင်ကြမှာဆိုတော့ တယောက်ချင်းရဲ့ ability မှာကျ ကျနော့်ကို မမီနိုင်တဲ့အတွက်ကြောင့်၊ လူတွေက သိပါတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းနဲ့တော့ မဖြစ်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း၊ တိုင်တလုံးတည်းနဲ့ အိမ်ဆိုတာ ဆောက်လို့မှမရတာ။ ဒါ ကျနော့်အနေနဲ့ မဖြုံပါဘူး။" လို့ ပြောဆိုသွားပါတယ်။

မေးမြန်းခန်းအပြည့်အစုံ ရုပ်သံတွင် ကြည့်နိုင်ပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013