DVB Logo
Home
မြန်မာသတင်း
မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေးမည်
DVB
·
October 23, 2015
မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေးမည်
Donate to DVB

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတွေ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေဖို့ မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေဖို့၊ မဲစာရင်းပါကြောင်းနဲ့  မဲပေးခွင့်ရရှိကြောင်း သေချာခိုင်လုံစေဖို့နဲ့ မဲလက်မှတ်ထုတ်ယူရာမှာ လွယ်ကူမြန်ဆန်စေဖို့ စတာတွေအတွက် အကျိုးရှိစေမှာဖြစ်လို့ ခုလို သက်သေခံလက်မှတ်တွေ ထုတ်ပေးဖို့ စီစဉ်တာလို့ ဆိုပါတယ်။

မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေမှာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်၊ မဲဆန္ဒရှင်ရဲ့ အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ အမိအမည်နဲ့ နေရပ်လိပ်စာတွေ ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေကို ရွေးကောက်ပွဲမတိုင်ခင် တပတ်အလို နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ၇ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ထုတ်ပေးသွားမှာဖြစ်ပြီး ဆန္ဒမဲပေးပြီးပါက  ပြန်လည် အပ်နှံရမယ်လို့ ကော်မရှင် ကြေညာချက်မှာ ဖော်ပြပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ အဆိုပါ သက်သေခံလက်မှတ်တွေ ထုတ်ယူခြင်းမပြုဘဲ ဒါမှမဟုတ် သက်သေခံလက်မှတ် ပျောက်ဆုံးသွားရင်လည်း ပုံမှန်အတိုင်း မှတ်ပုံတင်ပြပြီး မဲလာပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့  ဥပဒေနှင့်အညီ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ဆောင်ရွက်နေကြောင်းနဲ့ မဲဆန္ဒရှင်ပြည်သူတွေ လွတ်လွတ်လပ်လပ် စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးနဲ့ ဥပဒေနဲ့အညီ လွတ်လပ်တရားမျှတ တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း  မေတ္တာရပ်ခံထားပါတယ်။

လတ်တလော ရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်အတွက် ရက်တိုး ဆောင်ရွက်ပေးနေရာမှာ အောက်တိုဘာ ၁၃ ရက်မှ ၂၁ ရက်အထိ ကြိုတင် ဆန္ဒမဲပေးသူ ပေါင်း ၂၂၁၈၇ ဦး ရှိသွားပြီလို့ ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013