DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်တွင် အန်အယ်လ်ဒီ ကို သံပုံးတီး မောင်းထုတ်
DVB
·
October 22, 2015
ပျော်ဘွယ်တွင် အန်အယ်လ်ဒီ ကို သံပုံးတီး မောင်းထုတ်
Donate to DVB

မန္တလးတိုင်း၊ ပျော်ဘွယ်မြို့နယ်အတွင်း အန်အယ်လ်ဒီပါတီ မဲဆွယ်စည်းရုံးရေးဆင်းတာကို သံပုံးတီး မောင်းထုတ်တဲ့ဖြစ်ရပ်တခု အောက်တိုဘာ ၂၁ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ပျော်ဘွယ်မြို့နယ်၊ ကျုတောဝကျေးရွာအုပ်စု၊ ကျုတောဝကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စည်းရုံးရေးခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးညီညီလွင်က ဖြစ်စဉ်ကို အခုလို ပြောပါတယ်။

“ရွာအ၀င်မှာ အမျိုးသမီးအဖွဲ့တွေက သံပြားတွေ၊ သံပုံးတွေကို ကိုင်ပြီးတော့ သံပုံးတီးတာပေါ့၊ သံပုံးတီးထုတ်တာပေါ့နော်။ အဲ့ဒီလို ပုံစံမျိုး လုပ်မယ်ဆိုတာကို ကျနော်တို့က ကြိုတင်သိထားပြီးသားမို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျနော်တို့က အကြောင်းကြားထားပြီးသား၊ အဲ့ဒီလို အကြောင်းကြားထားတဲ့ ကြားထဲက ဖြစ်တာ။”

သံပုံးတီးထုတ်တဲ့အဖွဲ့ဟာ အန်အယ်လ်ဒီအဖွဲ့ မဲဆွယ်ဟောပြောမယ့်နေရာဆီ လိုက်လာပြီး အဖွဲ့ချုပ် အလိုမရှိ၊ ထွက်သွားလို့ လာရောက် ကြွေးကြော် အော်ဟစ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ပျော်ဘွယ်မြို့နယ်အတွင်း အန်အယ်လ်ဒီ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ အလားတူ နှောင့်ယှက်ရန်ပြုတာမျိုး ကြုံတွေ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ထားရတဲ့ အမှုတခု ရှိပါတယ်။

အခုလအတွင်း ပျော်ဘွယ်မြို့နယ်၊ သနပ်ခါးတောကျေးရွာကို စည်းရုံးရေးဆင်းရာမှာ ကိုအောင်အောင်နဲ့ မခိုင်မာဌေးတို့ လင်မယားနှစ်ယောက်က လေးပေလောက်ရှိတဲ့ တုတ်နဲ့ ၀င်ရိုက်တာကြောင့် သူတို့နှစ်ယောက်ကို ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုနဲ့ အမှုဖွင့်ခဲ့တာပါ။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေး (တစည) ပါတီတို့က ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြို့နယ်တွင်း မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်းလောက် ရှိပါတယ်။

မြို့နယ်တွင်း ရပ်ကွက် ၉ ခုနဲ့ ကျေးရွာပေါင်း ၃၁၀ ကျော်ရှိပြီး မဲရုံပေါင်း ၂၉၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013