DVB Logo
Home
မြန်မာသတင်း
ကမ်းနားလမ်းသစ်ပေါ်မှ ကုန်ကားကြီးတစီး လမ်းဟောင်းပေါ် ပြုတ်ကျ
DVB
·
October 22, 2015
ကမ်းနားလမ်းသစ်ပေါ်မှ ကုန်ကားကြီးတစီး လမ်းဟောင်းပေါ် ပြုတ်ကျ
Donate to DVB

ရန်ကုန်မြို့ ကမ်းနားလမ်းမသစ် ကြီးပေါ်ကနေ ဒုတိယအကြိမ် ကုန်ကားကြီးတစီး အရှိန်လွန်ပြီး ကမ်းနားလမ်းမဟောင်းပေါ် ထပ်မံပြုတ်ကျမှု အောက်တိုဘာ ၂၁ ရက်နေ့ မနက်က ဖြစ်ပွားခဲ့ပါတယ်။

၁ဝ ဘီးယာဉ် အမှတ7G/----- ဘိလပ် မြေဖျော်စက် အုန်းမွှေးလုံးယာဉ်ဟာ တည်ဆောက်ဆဲ လမ်းသစ် လမ်းဆုံ လူကူးခုံးကျော်တံတား အောက်မှဖြတ်ပြီးနောက် လမ်းကွေ့မှာ အရှိန်လွန်ပြီး လမ်းဘေးပန်းနဲ့ သစ်ပင်စိုက်ခုံတန်းပေါ် ကျော်တက်ကာ သုံးပေဝန်းကျင်နိမ့် ကမ်းနားလမ်းဟောင်း လမ်းဘေးမှာ ရပ်နားထားတဲ့ ယာဉ်တန်းတွေအပေါ် ပြုတ်ကျခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ။်

ကမ်းနားလမ်းသစ်ရဲ မြေထိန်း အုတ်နံရံတွေ၊ သစ်ပင်တွေ၊ ရေမြောင်းတွေနဲ့ ကားအချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီလောက်ကလည်း လသာ မြို့နယ် ၁၉ လမ်းထိပ်ကမ်းနား လမ်းသစ်ပေါ်မှ ကုန်သေတ္တာမပါ ၁၄ ဘီး နောက်တွဲယာဉ်ကြီးတစီးလည်း တဖက်ဆန့်ကျင်ဘက်ယာဉ်ကြောကိုကျော်လွန်ပြီး လမ်းဘေးရပ် ယာဉ်ငယ် ခြောက်စီးပေါ် ပြုတ်ကျမှု ဖြစ်ပွားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013