DVB Logo
Home
မြန်မာသတင်း
စင်ကာပူတွင် မြန်မာ ၂ သောင်းခန့်် ကြိုတင်မဲပေး
DVB
·
October 21, 2015
စင်ကာပူတွင် မြန်မာ ၂ သောင်းခန့်် ကြိုတင်မဲပေး
Donate to DVB

စင်ကာပူရောက် မြန်မာနိုင်ငံသားတွေ မဲပေးဖို့ နောက်ဆုံးသတ်မှတ်ရက် အောက်တိုဘာ ၂၁ ရက်မှာတော့ မြန်မာနိုင်ငံသား ၂ သောင်းလောက် မဲပေးခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၇၀၂၉ ဦး မဲပေးခဲ့သလို တန်းစီနေတဲ့ လူတန်းကတော့ ဒီမနက်ပိုင်းအထိ ရှိနေဆဲလို့ စင်ကာပူအခြေစိုက် ချန်နယ်နယူးအေးရှား သတင်းက ရေးပါတယ်။

နောက်ဆုံးမဲပေးရမယ့်ရက်မှာ မဲပေးမယ့် အရေအတွက်က လျော့ကျသွားသလို တိုကင်ယူစရာ မလိုတော့ဘူးလို့ သံရုံးအရာရှိတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

မဲပေးတာကို မကျေနပ်တဲ့သူတွေရဲ့ တိုင်တန်းချက်နဲ့ စော်ကားမော်ကား ပြောဆိုတာတွေကို လက်ခံရရှိခဲ့တယ်လို့ သံရုံးအရာရှိက ပြောဆိုခဲ့ကြောင်း သတင်းမှာ ရေးပါတယ်။

မဲပေးတာကို စေတနာရှင်တွေက ကူညီခဲ့သလို ရေနဲ့ စားစရာတွေ ထောက်ပံ့ပေးခဲ့ပြီး အမှိုက်တွေ ကောက်ပေးခဲ့ကာ မဲဆန္ဒရှင်စာရင်း အမှားအယွင်းနဲ့ ပတ်သက်ပြီး မဲဆန္ဒရှင်တွေရဲ့ မကျေနပ်ချက်တွေကိုလည်း စာရင်းပြုစုထားတယ်လို့ ဆိုပါတယ်။

နေ့စဉ်မဲပေးတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ချက်ပေါင်း ၂၀၀ ကျော် လက်ခံရရှိတယ်လို့လည်း စေတနာရှင်တဦးကို ကိုးကားပြီး သတင်းက ရေးပါတယ်။

အမှားအများစုကတော့ မဲဆန္ဒရှင်စာရင်းမှာ အမည်မပါခြင်းနဲ့ မဲပေးရမယ့် စာရင်းကို တခြားတိုင်းပြည်တခုဆီ မှားယွင်းပေးဖို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်က စတင်ပြီး မြန်မာနိုင်ငံသားတွေ သံရုံးရှေ့မှာ စောင့်ဆိုင်း မဲပေးခဲ့ပါတယ်။

မဲပေးဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းဟာ မီတာ ရာချီ ရှည်လျားတယ်လို့လည်း ဆိုပါတယ်။

တရက်မဲပေးဖို့အတွက် လူ ၃၀၀၀ ကန့်သတ်ခဲ့ပြီး မဲဆန္ဒရှင်တွေကို တိုကင်တွေ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပထမ မဲပေးရမယ့်ရက်ကို အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်အထိ သတ်မှတ်ခဲ့ပေမယ့် မဲပေးမယ့်သူတွေရဲ့ တောင်းဆိုချက်ကြောင့် အောက်တိုဘာ ၂၁ ရက်အထိ တိုးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013