DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသတွင်း အစိုးရတပ်များ စစ်ရေးတိုးမြှင့်ဆောင်ရွက်လာမှု ရက္ခိုင့်တပ်မတော် စိုးရိမ်
DVB
·
October 21, 2015
ရခိုင်ဒေသတွင်း အစိုးရတပ်များ စစ်ရေးတိုးမြှင့်ဆောင်ရွက်လာမှု ရက္ခိုင့်တပ်မတော် စိုးရိမ်
Donate to DVB

လက်နက်ကိုင် ၈ ဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပြီးချိန်ကစလို့ မြန်မာစစ်တပ်က ရခိုင်ဒေသအတွင်း သာမန်နှင့်မတူတဲ့ စစ်ရေး လှုပ်ရှားမှုတွေ တိုးမြှင့်ဆောင်ရွက်လာနေတယ်လို့ ရက္ခိုင့်တပ်မတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရက္ခိုင့်တပ်မတော်ရဲ့ စစ်ရုံးချုပ်အရာရှိ ခိုင်လင်းရွှေက “အခု ရခိုင်ပြည်အခြေအနေက သူတို့ စစ်တပ်တွေက ရက္ခိုင့်တပ်မတော်နဲ့ အရင်စစ်ဖြစ်ဖူးတဲ့ နေရာတွေကို တပ်မအလိုက် ထွက်တာတွေရှိတယ်။ အခု စစ်ဆင်ရေးတပ်ဖွဲ့တွေ သွားနေတာရှိတယ်ဆိုတော့ ကျနော်တို့အတွက် စဉ်းစားစရာတွေ ဖြစ်လာတယ်။ ဒါက မတည်မငြိမ်မှုကို လိုလားလို့၊ မတည်မငြိမ်မှုဖြစ်လာရင် ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးများ လုပ်လာနိုင်မလား၊ အဲလို အစီအစဉ်တွေ ရှိလာနိုင်မလားဆိုတာ သံသယရှိမိတယ်။ ရခိုင်ပြည်မှာဆိုရင်လည်း အေအန်ပီ (ရခိုင်အမျိုးသားပါတီ) က မဲအများဆုံး နိုင်နိုင်ချေရှိတယ်လေ။ တခြားဘက်တွေမှာလည်း စစ်အင်အား အများကြီး တိုးချဲ့တာတွေ ရှိတယ်ဆိုတော့ တချို့နိုင်ငံရေး  အခြေအနေ မကောင်းတဲ့ အဖွဲ့အစည်းတွေကများ တမင်တကာ ရွေးကောက်ပွဲ ပျက်လိုပျက်စီးများ လုပ်လာနိုင်မလားဆိုတာ ကျနော်တို့ သံသယဖြစ်မိတယ်” လို့ ပြောပါတယ်။

ရက္ခိုင်တပ်မတော်အနေနဲ့ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်သူတွေအတွက် ပြည်သူ့သဘောထားနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ထွက်ပေါ်လာမယ်လို့ သုံးသပ်မျှော်လင့်ထားတယ်လို့ ဒီကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲ ကာလတွေမှာ အနှောင့်အယှက်မဖြစ်ဖို့ မိမိတို့တပ်မတော်ကို အစိုးရတပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်ဖို့ ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အစိုးရတပ်က ရက္ခိုင့်တပ်မတော်ရှိတဲ့ နေရာတွေကို တပ်အင်အား တိုးချဲ့လာနေသလို တခြား အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေရဲ့ ဒေသတွေမှာလည်း တပ်အင်အား ဖြည့်တင်းနေပြီး တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အန်စီအေစာချုပ်မှာ ပါဝင်လက်မှတ်ထိုးခြင်း မရှိသေးတဲ့ ရက္ခိုင့်တပ်မတော်ဟာ ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အပြင် ကချင်ပြည်နယ်တွေမှာလည်း တပ်ဖွဲ့ဝင်တွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013