DVB Logo
Home
မြန်မာသတင်း
တိုကျို မြန်မာသံရုံးတွင် ကြိုတင်မဲပေးပြီးသူ ၇၉၄ ဦးရှိ
DVB
·
October 20, 2015
တိုကျို မြန်မာသံရုံးတွင် ကြိုတင်မဲပေးပြီးသူ ၇၉၄ ဦးရှိ
1 / 4
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်ဆန္ဒပြု မဲပေးနေကြရာမှာ ဂျပန်နိုင်ငံ တိုကျိုမြန်မာသံရုံးမှာ မဲပေးပြီးသွားသူ ၇၉၄ ဦးရှိခဲ့ပြီလို့ တိုကျို-မြန်မာ သံရုံးက အောက်တိုဘာ  ၁၉  ရက်နေ့က အင်တာနက် စာမျက်နှာကတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါစာရင်းထဲမှာ ကြိုတင်မဲပေးခွင့်ရရှိခဲ့ပေမယ့် မဲစာရွက်အစုံအလင်မရလိုက်သူတွေလည်း ပါတယ်။

တိုကျိုမြန်မာသံရုံးမှ လက်ခံရရှိတဲ့ ပုံစံ-၁၅ တင်သူ  ၁၂၃၂ ရှိခဲ့ပြီး ဂျပန်သံရုံးက ၁၁၀၉ ဦး ပြန်လည်လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတကာ ကြိုတင်မဲပေးခွင့်ရသူ စာရင်းပေါင်းချုပ်မှာတော့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၁၁၄၈ ဦးရှိတဲ့အတွက် ၃၉ ဦး အမည်ပျောက်ဆုံးနေပါတယ်။

တိုကျိုမြန်မာသံရုံးကို စာရင်းရောက်မလာသူ ၃၉ ဦးနဲ့ မဲလက်မှတ်မစုံလင်လို့ လွှတ်တော် တခုခုအတွက် မဲမပေးလိုက်ရသူတွေကတော့ မဲလက်မှတ်တွေ အချိန်မီ ပြန်ရောက်လာရင် အောက်တိုဘာ ၂၃ ရက်နေ့ မတိုင်ခင် မဲလက်မှတ်တွေရရင် မဲထပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ပုံစံ-၁၅ တင်ထားသော်လည်း ကော်မရှင်မှပြန်လာသည့် စာရင်းမှာ ပါမလာသူတွေကတော့ မျှော်လင့်ချက်နည်းနေပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၁၂၀၀၀ နီးပါး တရားဝင်မှတ်ပုံတင်ထားတယ်လို့ ဂျပန်လ၀က က ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013