DVB Logo
Home
မြန်မာသတင်း
ရေကြီးပျက်စီးသွားသည့် လယ်ဧကထက်ဝက်ကျော်ခန့် ပြန်လည်စိုက်ပျိုးနိုင်
DVB
·
October 20, 2015
ရေကြီးပျက်စီးသွားသည့် လယ်ဧကထက်ဝက်ကျော်ခန့် ပြန်လည်စိုက်ပျိုးနိုင်
1 / 8
Donate to DVB

မြန်မာနိုင်ငံအနှံ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး နှစ်လကြာကာလအတွင်းမှာ ပျက်စီးသွားတဲ့ လယ်မြေဧကရဲ့ ထက်ဝက်လောက်ပဲ ပြန်လည်စိုက်ပျိုးနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောပါတယ်။

ဇွန်ဇူလိုင်လတွေအတွင်း ဆန်စပါး အဓိက စိုက်ပျိုးရာ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအပါအ၀င်  ပြည်နယ်နဲ့တိုင်းတွေအနှံ့ ရေကြီးရေလျှံမှုကြောင့် လယ်မြေဧက ၁.၄ သန်းကျော်နစ်မြုပ်ခဲ့ရာမှာ လယ်မြေဧက ၈ သိန်းလောက် ပျက်စီးခဲ့တာပါ။

လက်ရှိမှာ ၅၆ ရာခိုင်နှုန်းဖြစ်တဲ့ ဧက ၄ သိန်းကျော် ပြန်လည်စိုက်ပျိုးနိုင်နေပြီး တစ်ဝက်နီးပါး လောက်တော့ မစိုက်ပျိုးနိုင်သေးပဲရှိနေတယ်လို့ ဒေါက်တာ စိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးရဲ့နွေနဲ့မိုးစိုက်ဧက ၁၉ သန်းမှာ ဧက ၄ သိန်း ပျက်စီးခဲ့တဲ့အတွက် ရာခိုင်နှုန်းနဲ့တွက်ရင် အကြမ်းဖျင်း ၂.၅ ရာနှုန်းလောက် သဘာဝဘေးကြောင့် ပျက်စီးသွား ပါတယ်။

မြန်မာပြည်ရဲ့ ဆန်အထွက်နှုန်းက ၁ နှစ်ကို ၁၄ သန်း ရှိပြီး ဒီနှစ်မှာ စိုက်ပျုးမြေ ၂.၅ ရာနှုန်းပျက်စီးခဲ့လို့ ဆန်အထွက်နှုန်း ၃ သိန်းလောက်လျှော့ကျနိုင်တယ်လို့  ဆန်စပါး အသင်းချုပ်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ စာနပ်ရိက္ခာဖူလုံရေး အတွက် ထိခိုက်မှု သိပ်မရှိဘဲ နည်းပါးတယ်လို့လည်း  ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013