DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ် တသီးပုဂ္ဂလ အမတ်လောင်း ဖမ်းဆီးထိန်းသိမ်းခံရ
DVB
·
October 19, 2015
ဖြူးမြို့နယ် တသီးပုဂ္ဂလ အမတ်လောင်း ဖမ်းဆီးထိန်းသိမ်းခံရ
1 / 2
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်မြတ်နုခိုင်ကို လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြမှုအတွင်း ပါဝင်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုလိုက်ပါတယ်။

သူ့ကို ဖြူးမြို့နယ်အတွင်း ပါတီစည်းရုံးမှုလုပ်နေစဉ် အခုလ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

ပြီးခဲတဲ့နှစ် ဒီဇင်ဘာလက လက်ပံတောင်း ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေအတွက် ဘာသာပြန်ပေးရင်းနဲ့ တရားစွဲဆိုခံရတာလို့ ဒေါက်တာ ဒေါ်မြတ်နုခိုင်က ဒီကနေ့ တရားရုံးထုတ်ချိန် ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

[caption id="attachment_117411" align="alignleft" width="390"]ဒေါက်တာဒေါ်မြတ်နုခိုင် မဲဆွယ်စည်းရုံးစဉ်။ (ဓာတ်ပုံ - ဒေါက်တာဒေါ်မြတ်နုခိုင်ဖေ့စ်ဘွတ်ခ်) ဒေါက်တာဒေါ်မြတ်နုခိုင် မဲဆွယ်စည်းရုံးစဉ်။ (ဓာတ်ပုံ - ဒေါက်တာဒေါ်မြတ်နုခိုင်ဖေ့စ်ဘွတ်ခ်)[/caption]

“၁၄ ဒီဇင်ဘာတုန်းက လက်ပံတောင်း ဒေါ်ခင်ဝင်း ပစ်သတ်ခံရမှုအတွက် ကျမ တရုတ်သံရုံးရှေ့မှာ ဘာသာပြန်တယ်လေ။ ဘာသာပြန်တော့ ဆန္ဒပြသလို ဖြစ်သွားတာပေါ့။ အဲဒီအတွက် ပုဒ်မတွေကတော့ ထုံးစံအတိုင်း ၀တ္တရား နှောင့်ယှက်မှု၊ ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ) တို့ တပ်ထားတယ်ပေါ့။ ဇန်န၀ါရီ ၂၉ ကျတော့ ကျမအိမ်ကို လာပြီးတော့ရှာတယ်။ ကျမက တခြားကိစ္စရှိတော့ ကျမနဲ့ မတွေ့ခဲ့ဘူး။ ကိုယ်လည်း ပုဒ်မ ဒီလောက်များမယ် မထင်ဘူး။ သူတို့လည်း ခဏခဏ ဆက်တိုက်မလာဘူးဆိုတော့ ကျမက ပေါ့ပေါ့ပဲနေတာပေါ့။ ဂျာနယ်တွေထဲမှာလည်း ကျမနာမည်မပါတော့ ပြီးသွားတယ်လို့ ကျမက ထင်တာပေါ့။ ကိုယ်လည်းပဲ အပြစ်လို့လည်း မထင်ဘူးပေါ့။ အဲဒါကို သူတို့က တရားခံပြေး ဘာညာဆိုပြီးတော့ အခု ကျမက ဖြူးမြို့နယ်ရဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ကျမ သြဂုတ်လမှာ အသိအမှတ်ပြုခံရတယ်။ အောက်တိုဘာလ ၃ ရက်နေ့ကနေပြီးတော့ ပြီးခဲ့တဲ့ သောကြာနေ့အထိမှာ မဲဆွယ်စည်းရုံးရာကနေပြီးတော့ စည်းရုံးရေးမှူးနဲ့ ထမင်းစားရာကနေ ဖြူးမြို့နယ် ရဲစခန်းကနေပြီးတော့ ဒဂုံမြို့နယ်မှာ ဆန္ဒပြမှုနဲ့ ဖမ်းဝရမ်းပါတယ်ပေါ့။ ဒါနဲ့ ကျမကို ပုဂ္ဂလိကကားနဲ့ ရန်ကုန်ကို ခေါ်လာတာပဲ။”

ဒီကနေ့မှာတော့ ဒဂုံမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပြီး အင်းစိန်ထောင်ကို ပို့ဆောင်ထိန်းသိမ်းထားလိုက်ပါတယ်။

အခုလို ဖမ်းဆီးခံထားရပေမယ့် မဲဆွယ်စည်းရုံးလှုံ့ဆော်ရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးတွေကိုတော့ သူ့ရဲ့ကိုယ်စားလှယ်ဖြစ်သူက ဆက်လက် တာဝန်ယူ လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ ဒေါ်မြတ်နုခိုင်က ပြောပါတယ်။

“အမှန်မှာကတော့ ကိုယ်စားလှယ်လောင်းတယောက်ကို ဖမ်းလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်ကို သတင်းပေးရတာပေါ့။ ရွေးကောက်ပွဲကော်မရှင်ကတော့ မနေ့က တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ကိုသွားတာ သူတို့ မသိသေးဘူး ဆိုတဲ့အတွက် ကျမ မဲရွေးဖို့နဲ့ ကိုယ်စားလှယ်ဖြစ်ခွင့်တော့ ဆက်လက်ရှိနေသေးတယ်လို့ အဲလိုပြောတော့ ကျမက ကိုယ်စားလှယ်နဲ့ ပြိုင်မှာပေါ့။ လူကတော့ သူတို့ထားတဲ့ အင်းစိန်ထောင်ထဲမှာပေါ့။ ကိုယ်စားလှယ်နဲ့ ဆက်လက်အရှိန်အဟုန်မြှင့်ပြီးတော့ ကော်မရှင်ကလည်း အဲဒါကို လက်ခံပါတယ်လေ။”

ဖြူးမြို့နယ်မှာ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှု အရှိန်ရနေပြီး သူ့အနေနဲ့ အခြေအနေ ကောင်းနေတဲ့အချိန်မှာ အခုလို အမှုဟောင်းနဲ့ ဖမ်းဆီးတရားစွဲဆိုတဲ့အတွက် ရွေးကောက်ပွဲဟာ  တရားမျှတမှာ မဟုတ်ဘူးလို့  ဒေါက်တာ ဒေါ်မြတ်နုခိုင်က ဝေဖန်ပါတယ်။

ဒေါက်တာ ဒေါ်မြတ်နုခိုင်အနေနဲ့ ဖြူးမြို့နယ်မှာ အဓိကယှဉ်ပြိုင်ရမယ့် သူတွေကတော့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူရဦးရွှေမန်း၊ တသီးပုဂ္ဂလ ဦးကိုကိုကျော်၊ အန်အယ်လ်ဒီက ဦးသန်းညွန့် အပါအ၀င် ၇ ဦးနဲ့  ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013