DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင်း တိုက်ပွဲများကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် (ရုပ်သံ)
DVB
·
October 19, 2015
ရှမ်းပြည်နယ်တွင်း တိုက်ပွဲများကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် (ရုပ်သံ)
Donate to DVB

ကျေးသီးမြို့နယ်၊ ၀မ်းဟိုင်းကျေးရွာအုပ်စု၊ ၀မ်လွေကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အဲ့ဒီရွာအပြင် အနီးအနားမှာတဲ့ ကျေးရွာတွေက ပြည်သူလူထု ၂၀၀၀ ကျော်ဟာ စစ်ပွဲတွေနဲ့ဝေးရာကို တိမ်းရှောင်နေရပါတယ်။

ကျေးသီးမြို့နယ် ဒီဝမ်လွေကျေးရွာရဲ့အနီးမှာ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/ SSA တို့ ဒီလ ၆ ရက်နေ့ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) စစ်ဌာနချုပ်ရှိရာ ၀မ်းဟိုင်းကျေးရွာအုပ်စု ၀မ်လွေကျေးရွာအပြင် အနီးအနားက ကျေးရွာတွေက ပြည်သူလူထုတွေဟာ တိုက်ပွဲတွေနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင် နေရတာပါ။

ကျေးသီးမြို့နယ်အတွင်းက ၀မ်လွေ၊ ၀မ်ကျောင်း၊ လီရှော၊ ကုန်းလင်၊ နမ့်ပါမုန်း၊ တာဆန်ဖူး၊ နောင်ခတ်၊ ဟိုနမ့်၊ နားပေ စတဲ့ ကျေး ရွာပေါင်း(၉)ရွာက ပြည်သူလူထု ၂၀၀၀ ကျော်ဟာ မိုင်းရှူးမြို့နယ်ဘက်ခြမ်းမှာရှိတဲ့ ဟိုက်ပါကျေးရွာ ၀မ်စောကျေးရွာနဲ့ မိုင်းနောင်မြို့ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေပါတယ်။

အစိုးရကတောင်းဆိုတဲ့ တာဆန်ဖူးစခန်းကို အက်စ်အက်စ်အေတပ်က ၁၅ ရက်နေ့ ညနေ ၅ အချိန်က ဖယ်ရှားပေးခဲ့ပေးမယ့်လည်း လက်ရှိအချိန်ထိ ၀မ်ဟိုင်းအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013