
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဗင်းဆင့်ကွန်ပနီဟာ အောက်တိုဘာ ၂၃ ရက်က ဒုတိယအသင်း လေ့ကျင့်ရေးကို ကြည့်နေတုန်း မူးလဲသွားခဲ့လို့ ဆေးရုံကို လူနာတင်ယာဉ်နဲ့ အရေးပေါ် ပို့ဆောင် ထားရတယ်လို့ အသင်းက ထုတ်ပြန်ပါတယ်။
အသက် ၄၀ အရွယ် နည်းပြကွန်ပနီဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ဒဏ်ရာဟောင်းတွေမှာ နာကျင်မှု ခံစားနေရတာဖြစ်ပြီး လှေကားတက်ဖိုတောင် အခက်အခဲရှိနေတာ ဖြစ်ပါတယ်။ မကျန်းမမာ ဖြစ်နေပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ကိုယ်တိုင် ကိုင်တွယ်ခဲ့ ပါတယ်။
လက်ရှိမှာ ကွန်ပနီရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပြီး ဆေးရုံမှာ စိစစ် ကုသမှုတွေ ခံယူ နေရလို့ အကူ နည်းပြအဖွဲ့က အသင်းကို ယာယီတာဝန်ယူ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အသင်းကစားသမားတွေဟာ စိတ်မကောင်းဖြစ်ပြီး ထိတ်လန့်နေကြပါတယ်။
အသင်းဟောင်း မန်ချက်စတာစီးတီးအသင်းကလည်း ကွန်ပနီအတွက် အားပေးစကား ပေးပို့ ထားပါတယ်။ လက်ရှိမှာတော့ နည်းပြကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ထပ်မံ သိရှိ ရတာမျိုး မရှိသေးပါဘူး။
Photo:Reuters











