DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ အောက်တိုဘာ ၂၄ နောက်ဆုံးထားလျှောက်ရန် နှိုးဆော်
DVB
·
October 18, 2015
ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ အောက်တိုဘာ ၂၄ နောက်ဆုံးထားလျှောက်ရန် နှိုးဆော်
Donate to DVB

ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် ပြည်တွင်းအဖွဲ့တွေအနေနဲ့ လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထားလျှောက်ထားဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှိုးဆော်လိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့အထိ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၉ ခုကို တရားဝင် အသိအမှတ်ပြုလွှာတွေ ထုတ်ပေးထားပြီး လေ့လာသူ ၆၂၆၁ ဦးကိုလည်း သက်သေခံကတ်ပြားတွေ ထုတ်ပေးထားတာပါ။

တိုင်းဒေသကြီး ဒါမှမဟုတ်  ပြည်နယ်တခုထက်ပိုပြီး စောင့်ကြည့်မယ်ဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ လျှောက်ထားရမှာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဒါမှမဟုတ် ခရိုင်တခုထက်ပိုပြီး စောင့်ကြည့်မယ် ဆိုရင်တော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒါမှမဟုတ် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြို့နယ်တခုတည်းမှာ စောင့်ကြည့်မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှာ လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းအားလုံးကို စောင့်ကြည့်ဖို့ ရွေးကောက်ပွဲ လေ့လာသူတွေမှာ အခွင့်အရေးရှိတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ အခန်းဏ္ဍ၊တာဝန်ဝတ္တရားနဲ့ လျှောက်ထားရာမှာ လိုအပ်တာတွေကို ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေရဲ့ ကျင့်ဝတ်တွေနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ စောင့်ကြည့်လေ့လာရာမှာ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေမှာ ဖော်ပြထားပါတယ်။

လျှောက်လွှာအပါအ၀င် အဲဒီ စာရွက်စာတမ်းနှစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ    ကော်မရှင်ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့  http://uecmyanmar.org/ မှာ ရယူနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013