DVB Logo
Home
မြန်မာသတင်း
ရွှေပြည်သာ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌကို အလုပ်ထုတ်ပြီး ကျန်သူများကို အလုပ်ပြန်ခန့်
DVB
·
October 17, 2015
ရွှေပြည်သာ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌကို အလုပ်ထုတ်ပြီး ကျန်သူများကို အလုပ်ပြန်ခန့်
Donate to DVB

ရွှေပြည်သာ စက်မှုဇုန် ၁ ဟန်ဂျင်း အတည်ချုပ်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့  အလုပ်သမားခေါင်းဆောင်တွေထဲက အလုပ်သမားသမားသမဂ္ဂဥက္ကဋ္ဌ တဦးကလွဲပြီး ကျန် အလုပ်သမားတွေကို  အလုပ်ပြန်ခန့်အပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့က  အောက်တိုဘာ ၁၆ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်မှာ  ဟန်ဂျင်းအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကျော်မြင့် တဦးတည်းကိုသာ အလုပ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့ ဖြစ်စဉ်မှာ  ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိကို   ခုံသမာဓိအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့ကစပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက် မေးမြန်းစစ်ဆေးခဲ့ပြီး အခုလို ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်တင်ဘာ ၁၇ ရက်နေ့က အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ခံရပြီး နောက်ပိုင်း စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ပြန်ခန့်ဖို့နဲ့ ရုပ်သိမ်းလိုက်တဲ့  အလုပ်သမားခံစားခွင့်တွေ ပြန်လည်ညှိနှိုင်းပေးဖို့ တောင်းဆိုချက်တွေနဲ့ စတင်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒါပေမယ့်အလုပ်ရှင်က  ညှိနှိုင်းပေးတာမျိုးမရှိတဲ့အတွက်  အောက်တိုဘာ ၁၇ ရက်နေ့အထိ စက်ရုံရှေ့မှာ  ဆက်တိုက်  ဆန္ဒဖော်ထုတ်တောင်းဆိုနေပါတယ်။

သတင်းနှင့်ဓာတ်ပုံ - အာကာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013