DVB Logo
Home
မြန်မာသတင်း
ဂျပန်ရောက် မြန်မာများ ကြိုတင်မဲပေးမှု မဲဆန္ဒနယ်အချို့ မပါဝင်
DVB
·
October 17, 2015
ဂျပန်ရောက် မြန်မာများ ကြိုတင်မဲပေးမှု မဲဆန္ဒနယ်အချို့ မပါဝင်
Donate to DVB

ဂျပန်နိုင်ငံရှိ တိုကျိုသံရုံးမှာ ပြုလုပ်တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပထမရက်အဖြစ် ကြိုတင်ဆန္ဒ မဲပေးရာမှာ မဲဆန္ဒနယ်အချို့ မပါဝင်ခဲ့သလို ပုံစံ ၁၅ တင်ထားပြီး သံရုံးရဲ့ မဲပေးနိုင်ခွင့် အမည်စာရင်းမှာ မပါတာတို့ ကြုံ့တွေ့ခဲ့ရတယ်လို့ မဲဆန္ဒရှင်တွေက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မြေ ပြည်ထောင်စု လွှတ်တော်အတွက် နေရာနဲ့ အင်းစိန်မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်နဲ့ တိုင်းလွှတ်တော်နေရာ၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အတွက် အမျိုးသားလွှတ်တော်နေရာနဲ့ တောင်ကြီးမြို့က တိုင်းရင်းသားနေရာတွေအတွက် မဲပေးခွင့်မရခဲ့ကြဘူးလို့ ဆိုပါတယ်။

သံရုံးတာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံ ကော်မရှင်ကပေးပို့တဲ့အထဲမှာ မပါတာလို့ အကြောင်းပြဖြေဆိုခဲ့ပါတယ်။

ညအိပ်ခရီးရှည် လာရသူတွေအတွက် နောက်တခေါက်ပြန်လာပေးဖို့ မလွယ်ကူးဘူးလို့လည်း ကိုဘေးဘက်က ကျောင်းသားကျောင်းသူတွေက ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုကို ၇ နာရီကြာ တညလုံးကားစီးလာခဲ့ရတဲ့ အစိုးရပညာတော်သင် (စာအုပ်အစိမ်းကိုင်) အမည်မဖော်လိုသူ ဘွဲ့လွန်ပါရဂူတန်း လာတက်နေသူတဦးကလည်း မဲစာရင်းမှာ မပါလို့ မဲပေးခွင့်ဆုံးရှုံရတဲ့အပေါ် သံရုံးက ပြောတဲ့အတိုင်းဆို မြန်မာနိုင်ငံ  ရွေးကောက်ပွဲကော်မရှင်က အလုပ်မလုပ်တာလား မသိဘူးလို့ ပြောပါတယ်။

“ပုံစံ ၁၅ လည်း အချိန်မီတင်တယ်။ ဒါကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတော့ သေသေချာချာမဖြေရှင်းပေးနိုင်ဘူး။ နောက်တခေါက်လာဖို့က မလွယ်ဘူးဗျ” လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲတွေကို လွဲမှားထည့်ထားတာ၊ မဲစာအိတ်ပေါ်ရှိလိပ်စာမှာ ရပ်ကွက်နဲ့မြို့ ကိုက်ညီမှုမရှိဘဲ လွဲမှားနေတာတွေလည်း ရှိတယ်လို့ မဲဆန္ဒရှင်အချို့ က ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုသံရုံး မဲရုံတာဝန်ခံတွေကတော့ ပြည်တွင်းရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီး မဲပေးခွင့် ထပ်မံတောင်းဆိုပေးမယ့်အကြောင်း၊ မဲထပ်မံပေးဖို့လည်း ရက်တိုးထားကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက် ပထမရက် မဲလာပေးသူ ၄၄၇ ဦး ရှိခဲ့ပြီး တိုကျိုမြန်မာသံရုံးစာရင်းအရ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသား ၁၁၀၀ သာ မဲပေးနိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၁၂၀၀၀ လောက် ရောက်ရှိနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013