DVB Logo
Home
မြန်မာသတင်း
မိုင်းလားပို့မည့် ကြက်တူရွေးလိပ်နှင့် သင်းခွေချပ်များ ဖမ်းမိ
DVB
·
October 17, 2015
မိုင်းလားပို့မည့် ကြက်တူရွေးလိပ်နှင့် သင်းခွေချပ်များ ဖမ်းမိ
1 / 12
Donate to DVB

တောရိုင်း တိရစ္ဆာန်ဈေးကွက်ဖြစ်တဲ့ မိုင်းလားမြို့ကို တင်ပို့မယ့် ကြက်တူရွေးလိပ်နဲ့ သင်းခွေချပ်တွေကို မယ်ယန်းစစ်ဆေးရေးဂိတ်မှာ Mobile Team က ဖမ်းဆီးမိပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက အချိုရည်မျိုးစုံ၊ စားသုံးဆီ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်မျိုးစုံတို့ရဲ့ အောက်မှာ ထည့်သွင်းသယ်ဆောင်လာတဲ့ တိုယိုတာဒိုင်နာအမျိုးအစားယာဉ်ကို ဖမ်းဆီးစစ်ဆေးရာက ကြက်တူရွေးလိပ် ၁၈၈ ကောင်နဲ့ သင်းခွေချပ် ၃ ကောင်ကို ဖမ်းဆီးမိခဲ့တာပါ။

"စားသောက်ကုန်တွေ၊ တခြားကုန်စည်တွေရဲ့အောက်မှာ ဖာတွေနဲ့ထည့်လာတာ၊ ညနေ ၆ နာရီလောက်ဆို အမြဲဖြတ်သွားနေတာ၊ ဒါကို မသင်္ကာလို့ ညနေပိုင်းက ဖမ်းစစ်လိုက်တာ တွေ့တာပဲ။ အဓိကတော့ ရွှေတြိဂံဒေသ တောနက်တွေထဲက တိရစ္ဆာန်တွေပါပဲ။ မိုင်းလားကို ပို့ဖို့တဲ့" လို့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။

မိုင်းလားမြို့ရှိ တောရိုင်း တိရစ္ဆာန်ဈေးကွက်ဟာ အာရှတိုက်ရဲ့ အကြီးမားဆုံး တိရစ္ဆာန်ဈေးကွက်ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ တိရစ္တာန်တွေက မိုင်းဆတ်ခရိုင်၊ တာချီလိတ်ခရိုင်နဲ့ ရွှေတြိဂံဒေသရှိ လာအိုနဲ့ မြန်မာနိုင်ငံပိုင် တောနက်အတွင်းမှ တိရစ္ဆာန်များ ဖြစ်နိုင်ကြောင်း၊ မိုင်းလားကို အခုလို တင်ပို့နေမှုဟာ ဘယ်လောက်အထိရှိနေပြီဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို သစ်တောဦးစီးဌာနကို လွှဲပြောင်းပေးပြီး ယာဉ်မောင်း စိုင်းဟောင်ခမ်းကိုတော့ သစ်တော ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ကိုဇက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013