DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ လုံခြုံရေး အထူးရဲအင်အား ၄ သောင်းကျော် ခန့်အပ်
DVB
·
October 17, 2015
ရွေးကောက်ပွဲ လုံခြုံရေး အထူးရဲအင်အား ၄ သောင်းကျော် ခန့်အပ်
Donate to DVB

နိုဝင်ဘာ ၈ ရက်နေ့  ကျင်းပယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးယူရာမှာ အရပ်သားတွေကို လစာနဲ့ ခေါ်ယူတဲ့ အထူးရဲအင်အား ၄၀၀၀၀ ကျော်ကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ခန့်အပ်လိုက်ပါတယ်။

ဒီထဲမှာတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် တိုင်းရင်းသားမျိုးစုံပါဝင်ပြီး၊ သူတို့ကို အောက်တိုဘာ ၂ဝ ရက်ကနေ ၃၁ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တပြိုင်တည်း သင်တန်းပေးသွားမှာဖြစ်ပါတယ်။

အခုနှစ်ဆန်းပိုင်းက လူထုလှုပ်ရှားမှုတွေကို  ရဲတပ်ဖွဲ့နဲ့အတူ “တာဝန်” ဆိုတဲ့ လက်ပတ်နီပတ်ထားတဲ့ အရပ်သားတွေပါ အကြမ်းဖက် လူစုခွဲတာတချို့ရှိခဲ့တာကြောင့် ဒါနဲ့ပတ်သက်လို့ အရပ်သားတွေကို အထူးရဲအဖြစ်ခန့်အပ်တာကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အထူးရဲဟာ လက်ပတ်နီမဟုတ်တဲ့ သာမန် အရပ်သားတွေကိုပဲ ခန့်အပ်တာဖြစ်ကြောင်းနဲ့  ပါတီနိုင်ငံရေးလုပ်သူတွေကိုလည်း မခန့်အပ်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

အထူးရဲတွေဟာ ရဲဝတ်စုံအရောင် အတိုင်း အင်္ကျီ နဲ့ ဘောင်းဘီ ဝတ်စုံဝတ်ဆင်ရမှာဖြစ်ပြီး၊  လက်မောင်း တံဆိပ်အထက်မှာတော့  "Special Police" ဆိုတဲ့  အနက်ရောင်စာတန်းအခုံးပါရှိရမှာပါ။

သူတို့ရဲ့ လစာကတော့ ကျပ် ၁၂ဝဝဝဝ နဲ့  စရိတ် ငွေကျပ် ၃ဝဝဝဝ စုစုပေါင်းငွေကျပ် ၁၅ဝဝဝဝ ရရှိမှာဖြစပါတယ်။

ဒါ့အပြင်  အထူးရဲတွေရဲ့ တာဝန်နဲ့  ဝတ္တရား ၁၂ ချက်ကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတ်မှတ် ထားပြီး အဲဒီ့တာဝန်နဲ့ ဝတ္တရားတွေကို  အိတ်ဆောင်ကတ်အဖြစ် ရိုက်နှိပ်ပြီး တဦးချင်းစီအတွက် ဖြန့်ဝေပေးထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013