DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲပေးရန် ညအိပ်တန်းစီ စောင့်ဆိုင်းခဲ့ကြသည့် စင်ကာပူရောက် မြန်မာများ
DVB
·
October 17, 2015
ကြိုတင်မဲပေးရန် ညအိပ်တန်းစီ စောင့်ဆိုင်းခဲ့ကြသည့် စင်ကာပူရောက် မြန်မာများ
1 / 9
Donate to DVB

ပြည်ပကနေ ကြိုတင်မဲပေးဖို့ သတ်မှတ်ထားတဲ့ရက် မလုံလောက်တာကြောင့် စင်ကာပူရောက် မြန်မာနိုင်ငံသားတွေဟာ ညအိပ်တန်းစီပြီး စောင့်ဆိုင်းခဲ့ကြရတယ်လို့ ပြောပါတယ်။

''ကျနော် ည ၃ နာရီခွဲကတည်းက သံရုံးမှာမဲပေးဖို့ တန်းစီနေတာတောင် သံရုံးနဲ့မီတာ ၇၀၀ လောက်ဝေးတဲ့ နေရာမှာ စီနေရတယ်။ ထိပ်ဆုံးက တစ်ယောက်ဆို ည ၈ နာရီခွဲကတည်းက လာစောင့်နေတာပါ'' လို့ စင်ကာပူရောက် ကိုအောင်ပိုင်စိုးက ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ မဲပေးခွင့်ရရှိသူ ၂၀၀၀၀ ကျော် ရှိပေမယ့် မဲပေးခွင့် သတ်မှတ်ထားတဲ့ ၄ ရက်ဟာ မဲဆန္ဒရှင်တွေအားလုံး မဲပေးနိုင်ဖို့ အချိန်မလုံလောက်ဘူးလို့ ပြောပါတယ်။

လက်ရှိ စင်ကာပူအစိုးရနဲ့ မြန်မာသံရုံးတို့ကြား မဲပေးခွင့် ၃ ရက် ထပ်တိုးပေးဖို့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။

''ဒီမဲပေးခွင့်ရဖို့ ကျနော်တို့မှာ တော်တော်လေးကို ကြိုးစားထားရတာခင်ဗျ။ မဲစာရင်းတွေ စစ်ရ၊ မဲစာရင်းပါအောင်လုပ်ရနဲ့ ဒီလောက် လုပ်ထားပြီးမှ မဲမပေးလိုက်ရမှာစိုးလို့ အားလုံးက ဒီလို ညအိပ်တန်းစီပြီးကို စောင့်နေကြတာပါ။ ကျနော်ဆို ရုံးကို ဆေးခွင့်တင်ပြီး မဲလာပေးတာပါ” လိုY ကိုအောင်ပိုင်စိုးက ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာတွေရဲ့ ကြိုတင်မဲပေးမှုတွေကို အောက်တိုဘာ ၁၅ ရက်နေ့က စတင်ခဲ့ပြီး စာရင်းပေးသွင်းထားသူ ၂ သောင်းကျော်လောက် ရှိကာ ကြိုတင်မဲပေးတဲ့ ပထမနေ့ အောက်တိုဘာ ၁၅ ရက်မှာ ၁၈၇၇ ယောက်၊ ဒုတိယနေ့ အောက်တိုဘာ ၁၆ ရက်မှာ ၃၁၅၀ ယောက် ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - အောင်ပိုင်စိုး

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013