DVB Logo
Home
မြန်မာသတင်း
ဂျပန်တွင် ကြိုတင်မဲပေးမည့်သူများ မဲစာရင်းမပါသဖြင့် အခက်ကြုံနေ
DVB
·
October 16, 2015
ဂျပန်တွင် ကြိုတင်မဲပေးမည့်သူများ မဲစာရင်းမပါသဖြင့် အခက်ကြုံနေ
1 / 2
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ သက်ဆိုင်ရာ သံရုံးတွေမှာ ကြိုတင်ဆန္ဒမဲပေးနေကြရာမှာ ဂျပန်နိုင်ငံမှာတော့ မနက်ဖြန်  ကြိုတင်မဲသွားပေးမယ့်သူတွေ မဲဆန္ဒရှင် စာရင်းမှာ မပါလို့ အခက်ကြုံနေရပါတယ်။

“ဖုန်းဆက်တော့လည်း မကိုင်ဘူးဗျ၊ မနက်ဖြန်ဆိုပေးရတော့မယ်။ ကျနော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ ခရီးစရိတ်ကလည်း မနည်းဘူး” လို့ မြို့တော် တိုကျိုနဲ့ အလှမ်းဝေးတဲ့ နာဂိုယာမြို့ကနေလာတဲ့ မြန်မာကျောင်းသားတဦးက မဲစာရင်းမပါတဲ့ ပြဿ နာနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုမြို့မှာ အိုင်တီအလုပ် လာရောက်လုပ်ကိုင်နေသူ မြန်မာ အမျိုးသမီးငယ်တဦးကတော့ လောလောဆယ် မဲပေးနိုင်ခွင့်စာရင်းမှာမပါလို့ သံရုံးကို ကိုယ်တိုင် ဒီနေ့ သွား ရောက်မေးမြန်းမယ်လို့ ဆိုပါတယ်။

ဂျပန်ရောက် အကြီးတန်းအင်ဂျင်နီယာတဦးဖြစ်တဲ့ ဒေါက်တာနန္ဒလင်းကတော့ အခုမဲစာရင်းမှာ မပါတဲ့သူအတွက် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အုပ်စုတခုပြုလုပ်ထားပြီး စာရင်းပြုစုကာ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

unnamedဂျပန်နိုင်ငံမှာ တရားဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၁၂၀၀၀ ကျော်ရှိပြီး တိုကျိုမြို့က မြန်မာသံရုံးရဲ့ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတဲ့ မဲစာရင်းအရ ရန်ကုန်တိုင်း မြို့နယ် ၆ ခု မပါသေးဘဲ တိုကျိုသံရုံးမှာ မဲပေးနိုင်သူဦးရေ စာရင်း ၁၀၀၀ ကျော် ရှိနေပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ  အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ ကြိုတင်မဲဆန္ဒပေးဖို့ မဲရုံတွေ ဖွင့်လှစ်ထားမယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013