DVB Logo
Home
မြန်မာသတင်း
တိုယိုတာကုမ္ပဏီထုတ် လူနှင့်စက် တွဲဖက်မောင်းနှင်စနစ်သုံး ကား (ရုပ်သံ)
DVB
·
October 17, 2015
တိုယိုတာကုမ္ပဏီထုတ် လူနှင့်စက် တွဲဖက်မောင်းနှင်စနစ်သုံး ကား (ရုပ်သံ)
Donate to DVB

တိုယိုတာရဲ့ အဝေးပြေးတင်းမ်မိတ်ကား (Highway Teammate) ကို ရောင်းချသေးမှာ မဟုတ်ကြောင်း ဂျပန်ကားကုမ္ပဏီ တိုယိုတာက  ကြေညာလိုက်ပါတယ်။ တိုကျိုမြို့မှာ ခင်းကျင်းပြသခဲ့တဲ့ မွမ်းမံပြင်ဆင်ထားတဲ့ Lexus GS လူနဲ့စက် တွဲဖက်မောင်းနှင်စနစ်သုံး ပုံစံငယ် ဖြစ်ပါတယ်။

"တချို့အချိန်တွေမှာ ကားက ယာဉ်မောင်းကို ကြီးကြပ်ပေးတာမျိုးရှိမယ်။ တချို့အချိန်တွေကျတော့ ကားက ယာဉ်မောင်းကို ကူညီပေးမယ်။ ကျနော်တို့သုံးတဲ့ နည်းပညာကတော့ ယာဉ်မောင်းနဲ့ ကားအကြား အချင်းချင်း နားလည်မှုရှိတဲ့ ပါတနာစနစ်ပါ။"

၂၀၂၀ ခုနှစ်အရောက်မှာ ယာဉ်မောင်းတွေအတွက် အလိုအလျောက် ကားမောင်းနှင်လို့ရတဲ့ အဖွင့်အပိတ် ခလုတ်တခုကို ကားမှာထည့်ပေးဖို့ ကုမ္ပဏီက မျှော်မှန်းထားပါတယ်။ ဒါ့အပြင် လမ်းကြောင်းတွေကို အလိုအလျောက် ပြောင်းနိုင်သလို ယာဉ်ကြောအတိုင်း သွားလာနိုင်ဖို့၊  တခြားယာဉ်တွေကို ကျော်တက်နိုင်ဖို့ စနစ်တွေကို ကားတွေထဲမှာ ထည့်သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။

"အဝေးပြေးလမ်းပေါ်မှာ ယာဉ်မောင်းလုပ်ရမယ့် ကိစ္စဟူသမျှကို အလိုအလျောက် မောင်းနှင်စနစ်နဲ့ပဲ ပြီးမြောက်အောင် လုပ်နိုင်မှာပါ။"

တိုယိုတာကုမ္ပဏီဟာ "အသိဉာဏ်ရှိ သယ်ယူပို့ဆောင်ရေးစနစ်" ထည့်သွင်း တပ်ဆင်ထားတဲ့ မော်ဒယ်သုံးမျိုးကို ဒီနှစ်ထဲမှာ ဖြန့်ဖြူးသွားဖို့ ရှိပါတယ်။ ဒီစနစ်မှာ ဆင်ဆာနည်းပညာကို အသုံးပြုထားကာ ယာဉ်နဲ့ ယာဉ်ချင်း၊ ယာဉ်နဲ့ အဆောက်အဦချင်းကြား ဆက်သွယ်ပြီး ဖြစ်လာနိုင်မယ့် အန္တရာယ်တွေ ယာဉ်မောင်းတွေကို သတိပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013