DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာ ၂ ဦးထံမှ ဘတ် ၆ သန်းကျော်ရှိ အခွန်ရှောင် စီးကရက်များ ဖမ်းမိ
DVB
·
October 16, 2015
ထိုင်းတွင် မြန်မာ ၂ ဦးထံမှ ဘတ် ၆ သန်းကျော်ရှိ အခွန်ရှောင် စီးကရက်များ ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၂ ဦးထံမှ  ထိုင်းဘတ်တန်ဖိုး ၆ သန်းကျော်ရှိ အခွန်ရှောင်စီးကရက်ဘူးနဲ့ စီးကရက်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ပရကျုတ်ခီရီခန်ခရိုင် ဆင်းခေါင်န်နယ်စပ်ဂိတ်အနီး နယ်လှည့်ဈေးထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ အခွန်ရှောင်စီးကရက်ဘူးတွေ ပေါ်တင်ရောင်းချနေကြောင်း သတင်းပေးချက်အရ အောက်တိုဘာ ၁၅ ရက်နေ့က ဈေးဝယ်သူအယောင်ဆောင်ပြီး ဖမ်းဆီးခဲ့တာလို့ ခရိုင်တွင်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးနှိမ်နင်းရေးဌာန အကြီးတန်း အရာရှိ နိုင်းချတ်ချိုင်း မဟာချိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် ကိုအေးထံမှ တတောင့်ကို ၁၀ ဘူး ပါဝင်တဲ့ စီးကရက် ၂၂၁ တောင့်၊ ၂၅ နှစ်အရွယ် မသူဇာလင်းထံမှ ၁၁၉ တောင့်နဲ့ စီးကရက်ဆေး ၂ ကီလိုဂရမ်၊ ထွက်ပြေးလွတ်မြောက်သွားသူတဦးထံမှ စီးကရက်ဘူး ၂၂၀ တောင့်နဲ့ စီးကရက်ဆေး ၄ ကီလိုဂရမ် စုစုပေါင်း စီးကရက် ၅၆၀ တောင့် (၅၆၀၀ ဘူး) နဲ့ စီးကရက်ဆေး အလေးချိန် ၆ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိတယ်လို့ အကောက်ခွန်အရာရှိက ပြောပါတယ်။

မူလစီးကရက်တန်ဖိုးဘတ် ၃၈၀၀၀၀၊ အခွန်က ၂၆၇၉၆၀ သာဖြစ်ပေမယ့် အခွန်မဆောင်မှုကြောင့် ပေးဆောင်ရမယ့် ဒဏ်ကြေးက နဂိုမူလတန်ဖိုးရဲ့ ၂၅ ဆနဲ့ ပေါင်းလိုက်ရင်  စုစုပေါင်းတန်ဖိုး  ၆၆၉၉၀၀၀ ကျသင့်တယ်လို့ အရာရှိက တွက်ချက်ပြပါတယ်။

အဆိုပါ နယ်လှည့်ဈေးထဲမှာ နောက်ထပ်အခွန်ရှောင် ပစ္စည်းရောင်းချမှုတွေ ရှိနေသေးကြောင်း၊ ဒါပေမယ့် ပိုင်ရှင်က အခန်းကိုသော့ခတ်ပြီး ထွက်သွားတဲ့အတွက် ရှာဖွေစစ်ဆေးရေး မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးကိုတော့ ထိုင်းအကောက်ခွန်ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းပွဲမှာ  ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013