DVB Logo
Home
စီးပွားရေး
မြန်မာအစိုး​ရကို ပံ့​ပိုး​နေသည့်​ ပုဂ္ဂိုလ် ၄၀ ​ကျော်ကို အ​ရေး​ယူဒဏ်ခတ်ရန် ကြိုး​ပမ်း
DVB
·
June 28, 2011
မြန်မာအစိုး​ရကို ပံ့​ပိုး​နေသည့်​ ပုဂ္ဂိုလ် ၄၀ ​ကျော်ကို အ​ရေး​ယူဒဏ်ခတ်ရန် ကြိုး​ပမ်း
Donate to DVB

မြန်မာအစိုး​ရကို စီး​ပွား​ရေး​နဲ့​နိုင်ငံ​ရေး​အရ ​ကျော​ထောက်​နောက်ခံပြု​နေတဲ့​ အ​ပေါင်း​အ​ဖော် ၄၂ ဦး​ ကို ဘဏ္ဍာ​ရေး​အရ ပစ်မှတ်ထား​ ဒဏ်ခတ်အ​ရေး​ယူဖို့​ဝါရှင် တန်အ​ခြေစိုက် မြန်မာ့​အ​ရေး​လှုပ်ရှား​မှုအဖွဲ့​USCB က အ​မေရိကန် ဘဏ္ဍာ​ရေး​ဝန်ကြီး​ တီမိုသီဂိုက်သနာ ကို ​တောင်း​ဆိုလိုက်ပါတယ်။

အ​မေရိကန်အစိုး​ရဟာ မြန်မာအစိုး​ရ​ခေါင်း​ဆောင်သစ်နဲ့​ အ​ဟောင်း​တွေကို ပစ်မှတ်ထား​ ဒဏ်ခတ်ထား​တဲ့​ ၂၀၀၈ တွန်လမ်း​တို့​စ် မြန်မာ​ကျောက်မျက်ပိတ်ပင်​ရေး​ ဥပ​ဒေအရ အ​ရေး​ယူဖို့​ ​တောင်း​ဆိုတာလို့​ ဇွန် ၂၇ ရက် ထုတ် USCB ရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီ အမည်ခံ အစိုး​ရသစ်တက်လာပြီး​ ရက်​ပေါင်း​ ၁၀၀ ​လောက် ရှိ​ပေမယ့်​ ဘာမှ​ပြောင်း​လဲတာ မ​တွေ့​ရ​သေး​တဲ့​အ​ကြောင်း​၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​ ၂၀၀၀ ​လောက်ရှိ​နေပြီး​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တာ၊​ တိုင်း​ရင်း​သား​တွေကို တိုက်ခိုက်​နေတာ​တွေ ဆက်လက်ဖြစ်ပွား​နေတဲ့​အ​ကြောင်း​နဲ့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ သုံး​ပွင့်​ဆိုင် ​ဆွေး​နွေး​ရေး​ ​ခြေလှမ်း​စတာ မမြင်ရဘူး​လို့​ USCB က ​ပြောပါတယ်။

USCB ရဲ့​ အမှု​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အောင်ဒင်က မြန်မာပြည်က သန်း​နဲ့​ချီတဲ့​ လူ ​တွေဟာ အာဏာပိုင်​တွေရဲ့​ မတရား​ဖိနှိပ်မှုကိုသာ ခံ​နေကြရတာမဟုတ်ဘဲ ခုဆိုရင် အာဏာရ စစ်အစိုး​ရလက်​အောက်မှာ ဒုတိယအင်အား​အကြီး​ဆုံး​ လူတန်း​စား​ဖြစ်​နေတဲ့​ စစ်အစိုး​ရရဲ့​ စီး​ပွား​ဘက်​တွေရဲ့​ မတရား​ဖိနှိပ်မှုကိုပါ ခံ​နေကြရတယ်လို့​ ​ကြေညာချက်မှာ ​ပြောပါတယ်။

အစိုး​ရကို စီး​ပွား​ရေး​နဲ့​နိုင်ငံ​ရေး​အရ ပံ့​ပိုး​ပေး​နေသူ ၄၂ ဦး​အနက် စီး​ပွား​ရေး​သမား​တွေက​တော့​ ​ဒေါက်တာ စိုင်း​ဆမ်ထွန်း​၊​ ဦး​ချစ်ခိုင်၊​ ဦး​အောင်ကိုဝင်း​၊​ ဦး​အိုက်ထွန်း​တို့​ပါဝင်ပြီး​ မီဒီယာသမား​တွေထဲမှာ​တော့​ ​ဒေါက်တာ တင်ထွန်း​ဦး​၊​ ​ဒေါက်တာသန်း​ထွဋ်​အောင်၊​ ​ဒေါက်တာ ​နေဝင်း​မောင်၊​ ကိုကို (စက်မှု) ၊​ မြတ်ခိုင်၊​ ဟိန်း​လတ်၊​ မျိုး​အောင် တို့​ပါဝင်ပါတယ်။

ရုပ်ရှင်​လောကထဲမှာ​တော့​ လွင်မိုး​၊​ ဇင်​ယော်​မောင်​မောင်တို့​ပါဝင်ပြီး​ မြန်မာ စစ်​ခေါင်း​ဆောင်​ဟောင်း​တွေရဲ့​ သား​မြေး​တွေဖြစ်တဲ့​ စစ်တိုင်း​အောင်၊​ စစ်​သွေး​အောင်၊​ ​နေ​ရွှေ​သွေး​အောင်၊​ တိုး​နိုင်မန်း​၊​ ​အောင်​ဇော်ရဲမြင့်​ စသူတို့​ ကိုလည်း​ ထည့်​သွင်း​ထား​ပါတယ်။

လက်ရှိ အ​မေရိကန်က ဘဏ္ဍာ​ရေး​အရ ပစ်မှတ်ထား​ ဒဏ်ခတ်အ​ရေး​ယူထား​တဲ့​ မြန်မာအစိုး​ရနဲ့​ အ​ပေါင်း​အ​ဖော် အ​ရေအတွက်ဟာ ဩစ​တြေး​လျနဲ့​ အီး​ယူ ဥ​ရောပသမဂ္ဂတို့​ထက် အလွန်အမင်း​ နည်း​ပါး​နေပြီး​ အစိုး​ရရဲ့​ စီး​ပွား​ဘက် အ​တော်များ​များ​ဟာ လွတ်ငြိမ်း​ကင်း​လွတ်ခွင့်​ ရ​နေတယ်လို့​လည်း​ အ​မေရိကန်အ​ခြေစိုက် မြန်မာ့​အ​ရေး​လှုပ်ရှား​မှုအဖွဲ့​က ​ထောက်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013