DVB Logo
Home
Lead Story
အန်စီအေမှာ ကျန်အဖွဲ့တွေပါဝင်လာဖို့ လက်ရှိထိုးစစ်တွေ ချက်ချင်းရပ်ရလိမ့်မယ် - ဦးမျိုးဝင်း
DVB
·
October 16, 2015
အန်စီအေမှာ ကျန်အဖွဲ့တွေပါဝင်လာဖို့ လက်ရှိထိုးစစ်တွေ ချက်ချင်းရပ်ရလိမ့်မယ် - ဦးမျိုးဝင်း
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့အကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော် အမ်အိုင်စီစီ ၂ ခန်းမမှာ ပြည်တွင်းပြည်ပ အသိသက်သေတွေ ရှေ့မှောက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းကို မေးမြန်းထားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးရာမှာ အေဘီအက်စ်ဒီအက်ဖ်  (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) ဒုဥက္ကဋ္ဌအနေနဲ့ ဦးမျိုးဝင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်ဆိုတော့လေ။ ဒီနေ့ဒီရက်မှာ အနာဂတ်အတွက် ဘာတွေမျှော်မှန်းသလဲခင်ဗျ။

“တိုင်းပြည်ရဲ့နိုင်ငံရေးပြဿ  နာကို အဖြေရှာနိုင်ဖို့အတွက် ခြေလှမ်းတလှမ်းကတော့ လှမ်းနိုင်ခဲ့ပြီပေါ့နော်။ ဒါပေမယ့် ကျနော်တို့ ဒီခြေလှမ်းပေါ်မှာ ရလဒ်အပေါ်မှာ အခြေခံပြီးတော့မှ ရှေ့ဆက်ပြီးတော့မှ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေရရှိဖို့အတွက် အများကြီး ကြိုးပမ်းရဦးမှာပါ။ တိုင်းရင်းသားအင်အားစုများအတွင်းမှာရော၊ တိုင်းရင်းသားအင်အားစုနဲ့ ဒီမိုကရက်တစ်အင်အားစုများအတွင်းမှာရော ကျနော်တို့အားလုံးမျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက်ကို ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားရမှာ။ အဲဒီအတွက်လည်းပဲ ဆက်လက်ပြီး အားလုံးတက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကြဖို့ပဲ ကျနော် တိုက်တွန်းလိုတယ်။ စုစည်းညီညွတ်ရေးကို ကျနော်တို့ ဒီထက်မက ပိုမိုပြီးတော့ တိုးချဲ့တည်ဆောက်သွားကြဖို့လည်း ကျနော်တိုက်တွန်းလိုပါတယ်။”

လက်မှတ်ရေးထိုးရာမှာ မပါဝင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒီစာချုပ်ပေါ်မှာတော့ သဘောတူကြတယ်။ အားလုံးပါဝင်လက်မှတ်မရေးထိုးနိုင်ကြလို့ မထိုးကြသေးတဲ့အပေါ် ပါဝင်လက်မှတ်ထိုးရေး ဖြစ်လာအောင် လက်မှတ်ထိုးပြီးသားအဖွဲ့တွေက အစိုးရနဲ့ ဘယ်လိုဆောင်ရွက်ဖို့ စီစဉ်ထားကြသလဲ။

“အစိုးရဘက်အပိုင်းကတော့ ကျနော်တို့ မသိဘူးပေါ့နော်။ ကျနော်တို့သိတဲ့ တိုင်းရင်းသားအင်အားစုတွေဘက်မှာတော့ ပြီးခဲ့တဲ့ ချင်းမိုင်မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားညီလာခံမှာကတည်းက လတ်တလောလက်မှတ်ရေးထိုးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ လတ်တလော လက်မှတ်မရေးထိုးနိုင်တဲ့ အဖွဲ့အစည်းတွေကြားမှာ ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို သဘောထားတွေ ကျနော်တို့ ချမှတ်ထားပြီးဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျနော်တို့ ဒီမှာဆောင်ရွက်ထားတဲ့ ဆောင်ရွက်မှုတွေကို လတ်တလော လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့အစည်းတွေကို ပြန်လည်တင်ပြဖို့အတွက်လည်းပဲ ကျနော်တို့ မကြာမီမှာ ထိပ်သီးအစည်းအဝေးပြန်လည်ကျင်းပနိုင်ဖို့အတွက်လည်းပဲ ကျနော်တို့ စီစဉ်ဆောင်ရွက်သွားမှာပါ။ ထိပ်သီးညီလာခံ ပြန်လည်ကျင်းပပြီးပြီဆိုရင်တော့ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ၊ လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာလိမ့်မယ်လို့တော့ ကျနော် မျှော်လင့်ပါတယ်။”

ဒီကနေ့ အန်စီအေလက်မှတ်ထိုးပွဲမှာ သမ္မတ ဦးသိန်းစိန်အဖွင့်အမှာစကားမှာ အားလုံးပါဝင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး စတဲ့ စကားလုံးအချက်အလက်တွေနဲ့ပတ်သက်လို့ ဘယ်လောက်ထိအောင် ခံစားနားလည်လဲ။ ဖတ်မိသလဲ။

“နိုင်ငံရေးအရ သမ္မတရဲ့ မိန့်ခွန်းမှာပါတဲ့အချက်အလက်တွေ တော်တော်များများကိုတော့ ကျနော်တို့ လက်ခံBကိုဆိုပါတယ်။ ဒါပေမယ့် အဲဒီအချက်အလက်တွေဟာ လက်တွေ့အကောင်အထည် ဖော်နိုင်တဲ့အဆင့်အထိ ရောက်အောင်လည်း ဆက်Bကိုးပမ်းဖို့လိုတယ်။ အားလုံးပါဝင်လာနိုင်ဖို့အတွက် လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့တွေအားလုံး ဖိတ်ခေါ်သွားမယ်ဆိုတဲ့နေရာမှာ အကြီးမားဆုံးအကန့်အသတ်ကတော့ လက်ရှိထိုးစစ်တွေပေါ့နော်၊ ထိုးစစ်တွေကို ချက်ချင်းရပ်ဆိုင်းခြင်းအားဖြင့် သမ္မတရဲ့လိုလားချက်တွေ၊ မျှော်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ တကယ်က လက်တွေ့အရေးကြီးတာက အဓိကကတော့ အပြောနဲ့ လက်တွေ့ပေါ့ဗျာ။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ချက်ချင်းလက်တွေ့ အကောင်အထည်ဖော်ပြလို့ရတာကို ဖော်ပြခြင်းအားဖြင့် အားလုံးပါဝင်ရေး ချက်ချင်း အကောင်အထည်ဖော်နိုင်မယ်။ တဆက်တည်းမှာပဲ အားလုံးအတူတကွ လက်တွဲပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေ မြန်မြန်ကျင်းပနိုင်ခြင်းအားဖြင့် နိုင်ငံရေးမျှော်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အစိုးရက အန်စီအေလက်မှတ်ထိုးတဲ့အဖွဲ့တွေကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်း စာရင်းကနေ ပယ်ဖျက်ခဲ့တယ်။ မြေပေါ်မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ပြီ။ အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ မြေပေါ်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ရှိလဲ။ လက်ရှိကာလမှာလည်း ရွေးကောက်ပွဲက နီးနေပြီဆိုတော့လေ။

“လတ်တလော ရွေးကောက်ပွဲမှာတော့ ကျနော်တို့ တတ်နိုင်သမျှ ၀န်းရံသွားဖို့လောက်ပဲရှိပါတယ်။ အဓိကမျှော်မှန်းတာကတော့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးအတွင်းမှာ ကျနော်တို့ အင်အားစုတွေအတွင်းမှာ စုစုစည်းစည်းနဲ့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးအဖြေထုတ်နိုင်၊ ရှာဖွေနိုင်ဖို့အတွက်၊ တင်ပြနိုင်ဖို့အတွက် ဒီနိုင်ငံရေးဆွေးနွေးပွဲအတွက်ကို ပြည်တွင်းနိုင်ငံရေးအင်အားစုတွေ၊ လူငယ်အင်အားစုတွေ၊ အဖွဲ့အစည်းတွေနဲ့ တနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆောင်ရွက်သွားဖို့အတွက် လုပ်ငန်းစဉ် ချမှတ်ထားတာရှိပါတယ်။”

မြောက်ပိုင်း ကချင်ပြည်နယ်မှာ အေဘီအက်စ်ဒီအက်ဖ်အဖွဲ့တွေလည်းရှိတော့ အခု လက်မှတ်ထိုးခြင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်း အေဘီအက်စ်ဒီအက်ဖ် နဲ့ မြောက်ပိုင်း  အေဘီအက်စ်ဒီအက်ဖ် ရယ်လို့ ကွာဟမှုရှိနေမလား။

“မရှိပါဘူး။ ကျနော်တို့ ဒီအခမ်းအနားကို တက်ရောက်တဲ့အထဲမှာလည်း မြောက်ပိုင်းက ကိုယ်စားလှယ်ပါပါတယ်။ ကျနော်ကိုယ်တိုင်လည်းပဲ လိုင်ဇာဌာနချုပ်ကနေ မြောက်ပိုင်းမှာရှိတဲ့ ဌာနချုပ်ကနေ ကျနော်ပြန်လာတာ ရက်ပိုင်းအတွင်းရှိပါသေးတယ်။ အားလုံး မြောက်ပိုင်းကော်မတီနဲ့ရော၊ အားလုံးဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ရော၊ ရဲဘော်တခုလုံးရဲ့ သဘောထားအခြေခံပေါ်မှာ ကျနော်တို့ ဆောင်ရွက်ထားတာဖြစ်တယ်။ အေဘီအက်စ်ဒီအက်ဖ်အတွင်းညီညွတ်ရေးတော့ လုံးဝကွဲပြားမှုမရှိပါဘူး။ ဒီသဘောထားပေါ်မှာ အားလုံးအတူတကွရှိပါတယ်။”

အန်စီအေ လက်မှတ်ရေးထိုးနေ့မှာ အမှတ်တရစကားပြောပေးပါလား။

“အမှတ်တရအနေနဲ့ ပြောချင်တာကတော့ ခုနပြောခဲ့သလိုပဲ နိုင်ငံရေးအတွက် ခြေလှမ်းတလှမ်းကို လှမ်းနိုင်ခဲ့တာပဲရှိပါသေးတယ်။ ရှေ့ဆက်ပြီးတော့ ကျနော်တို့စိမ်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရင်ဆိုင်ရဦးမှာပါ။ ဒီအခက်အခဲတွေ၊ စိမ်ခေါ်မှုတွေ ရင်ဆိုင်တိုင်း၊ ရင်ဆိုင်တိုင်း ကျနော်တို့ခွန်အားတွေနဲ့အတူ စုစုစည်းစည်းညီညီညွတ်ညွတ် ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။ ကျနော်တို့ မျှော်မှန်းထားတဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ခြေလှမ်းလှမ်းနိုင်ဖို့အတွက် ဒီကနေ့က စတင်ပြီးတော့ အားလုံးအတူတကွ စိတ်ရှည်လက်ရှည်နဲ့ အပြန်အလှန်တန်းတူမှုရှိရှိ၊ တူညီတဲ့စိတ်ဓာတ်တွေနဲ့ ချီတက်ကြပါစို့လို့ ကျနော် တိုက်တွန်းပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013