DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲတွင်သုံးမည့် ဆန္ဒမဲလက်မှတ်များ ကျိုင်းတုံ လေဆိပ်သို့ ရောက်ရှိ
DVB
·
October 16, 2015
ရွေးကောက်ပွဲတွင်သုံးမည့် ဆန္ဒမဲလက်မှတ်များ ကျိုင်းတုံ လေဆိပ်သို့ ရောက်ရှိ
Donate to DVB

လာမယ့် နိုဝင်ဘာ ၈  ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် ဆန္ဒမဲလက်မှတ်တွေ ကျိုင်းတုံလေဆိပ်ကို အောက်တိုဘာ ၁၅ ရက် မနက်က ရောက်ရှိတယ်လို့ အစိုးရပိုင် မီဒီယာမှာ ဖော်ပြပါတယ်။

ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်က တပ်မတော် လေယာဉ်နှစ်စင်းနဲ့ ကျိုင်းတုံမြို့ကို ပို့ဆောင်ခဲ့တာပါ။

မဲလက်မှတ်တွေကို သက်ဆိုင်ရာက တဆင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်တွေအလိုက် အမြန်ဆုံးဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်တွေကို ဖြန့်ဝေတဲ့အခါ ကားနဲ့သွားလို့ရတဲ့နေရာကို ကားနဲ့၊ မရတဲ့နေရာတွေကိုတော့ ရဟတ်ယာဉ်နဲ့ ပို့သွားဖို့ စီစဉ်ထားကြောင်း၊ ဆန္ဒမဲလက်မှတ်တွေကို လုံခြုံရေးအပြည့်နဲ့ စောင့်ကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခေါင်းဆောင် ဦးစိုင်းလုံးဆိုင်လန်းက ပြောပါတယ်။

အဲဒီ ဆန္ဒမဲလက်မှတ်တွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း ခရိုင် ၄ ခရိုင်အတွင်းက မြို့နယ် ၁၀ မြို့နယ်နဲ့ ကျေးရွာအုပ်စုပေါင်း ၂၆၉ အုပ်စုတို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပေးပို့ခဲ့တာ ဖြစ်ပြီး အဲဒီဒေသမှာ မဲဆန္ဒရှင် ၃ သိန်း ၇ သောင်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013