DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအတွင်း စီးပွားရေးစင်္ကြန်တလျှောက်ရှိမြို့များ ပိုတိုးတက်ရန် ဆောင်ရွက်မည်
DVB
·
October 16, 2015
မြန်မာနိုင်ငံအတွင်း စီးပွားရေးစင်္ကြန်တလျှောက်ရှိမြို့များ ပိုတိုးတက်ရန် ဆောင်ရွက်မည်
Donate to DVB

မြန်မာနိုင်ငံအတွင်းက မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေး စင်္ကြန်အပိုင်းတလျှောက်ရှိ မြို့တွေ ပိုမိုတိုးတက်လာဖို့ လတ်တလောမှာ နည်းလမ်းတွေ ရှာဖွေနေပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ထိုင်းဖွံ့ဖြိုးရေး အေဂျင်စီတခုဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (အန်အီးဒီအေ) တို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်အရ ထုတ်ပြန်လိုက်တာပါ။

အဲဒီ သဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းသာမက မြန်မာနိုင်ငံ အပါအ၀င် ထိုင်းရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကဏ္ဍတွေ တိုးတက်ဖို့ ပူးတွဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။

မဟာမဲခေါင်ဒေသခွဲမှာ နိုင်ငံဖြတ်ကျော် လမ်းမကြီးတွေ တည်ဆောက်တာ၊ နိုင်ငံဖြတ်ကျော် စွမ်းအင်ပို့လွှတ်သုံးစွဲမှုနဲ့ ကူးစက်ရောဂါ ထိန်းချုပ်မှု စတာတွေအတွက် ပြီးခဲ့တဲ့  နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ အာရှဖွံ့ဖြိုးရေးဘဏ်က ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံကျော်နဲ့ နည်းပညာ အထောက်အပံ့အတွက် ဒေါ်လာ သန်း ၁၀၀ ကျော်ကို ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ နိုင်ငံတွေမှာ မဲခေါင်မြစ်ဝှမ်းနဲ့ ဆက်စပ်နေတဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013