DVB Logo
Home
မြန်မာသတင်း
မကွေးတံတား မင်းဘူးတိုးဂိတ်တွင် မြေပြို လူ ၄ ဦးနှင့်ဆိုင်ကယ်များ ပိမိ (ရုပ်သံ)
DVB
·
October 15, 2015
မကွေးတံတား မင်းဘူးတိုးဂိတ်တွင် မြေပြို  လူ ၄ ဦးနှင့်ဆိုင်ကယ်များ ပိမိ (ရုပ်သံ)
1 / 7
Donate to DVB

မိုးသည်းထန်ရွာသွန်းမှုကြောင့် မကွေးတံတား မင်းဘူးဘက်က တိုးဂိတ်မှာ ဒီမနက် ၁၀ နာရီကျော်လောက်က  မြေပြိုမှုဖြစ်ပွားခဲ့တဲ့တွက် လူ ၄ ဦး ပိမိနေပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေက လူအင်အားနဲ့ တူးဖော်နေကြပြီးအမျိုးသမီးတဦးကိုတော့ ကိုယ်ဆယ်နိုင်တယ်လို့ ဒေသခံ ဦးတင်ရွှေက ပြောပါတယ်။

“မိုးရွာ များလို့ပေါ့။ အဲဒါက ကမ်းပါးဘေးမှာကိုး မိုးရွာတာများတော့ ဒီမြေက အထိန်းအကွပ် မရှိတော့ မြေပြိုတာ။ အဲဒီမှာ ဂိတ်ကြေးပေးပြီး ဖြတ်တဲ့ ဆိုင်ကယ် ၃ စီးပိမိ နေတယ်လို့ ပြောတယ်။ အမျိုးသမီးတယောက်ကိုတော့ ရတယ်။ အခု လူအင်အားနဲ့ ဖော်နေတာ ဘက်ဖိုးတို့ ဘာတို့ မရှိသေးတော့လေ။”

အဆိုပါတံတားဟာ ဧရာဝတီမြစ်ပေါ်တည်ဆောက်တဲ့ မကွေး-မင်းဘူးတံတားဖြစ်ပြီး လက်ရှိ မြေပြိုမှုဖြစ်တဲ့နေရာဟာ မင်းဘူးဘက် ငွေကောက်ခံတဲ့ တိုးဂိတ်မှာ ဖြစ်ပွားတာလို့ ပြောပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေရောက်လာကူညီနေ့မယ့် လူအင်အားနဲ့သာ တူးဖော်တဲ့အတွက် မြေပိမိသူတွေ အသက်ရှင်ဖို့ မလွယ်ဘူးလို့လည်း ဦးတင်ရွှေက ပြောပါတယ်။

ဓာတ်ပုံ - တင်ရွှေ (မင်းဘူး)
ဗွီဒီယို - စိုးမင်းလွင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013