DVB Logo
Home
မြန်မာသတင်း
အားလုံးမပါဝင်သည့် အပစ်ရပ်လက်မှတ်ထိုးပွဲ အမျိုးသမီးအဖွဲ့များ လက်မခံ
DVB
·
October 15, 2015
အားလုံးမပါဝင်သည့် အပစ်ရပ်လက်မှတ်ထိုးပွဲ အမျိုးသမီးအဖွဲ့များ လက်မခံ
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းတွေက ကြေညာလိုက်ပါတယ်။

လတ်တလော ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး အမှန်တယ် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေက တနိုင်ငံလုံး အပစ်ခတ်ရပ်လက်မှတ်ထိုးတဲ့ထဲမှာ မပါတဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူးလို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ ပြောခွင့်ရ နာဗစ်ဘွန်က ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်နေတဲ့အပြင် ထိုးစစ်ဆင်မှု အသစ်တွေလည်း ဆက်ရှိနေတယ်၊ တိုင်းရင်း သားအဖွဲ့တွေလည်း အားလုံး မပါဘူး၊ လက်မှတ်မထိုးတဲ့အထဲမှာ တကယ့်တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေက ရှိနေသေးတဲ့အတွက်ကြောင့် အခုလက်မှတ်ထိုးတဲ့ဟာက တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူး။”

အားလုံးပါဝင်မှုမရှိတဲ့ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးမှုကို ကုလသမဂ္ဂနဲ့ ရန်ကုန်က သံတမန်အသိုင်းအ၀န်းက မှားယွင်းစွာကြိုဆိုနေသလို နိုင်ငံတကာအလှူရှင်တွေကလည်း ပဋိပက္ခဒေသက အမျိုးသမီးနဲ့ကလေးတွေကိုကျော်လွန်ပြီး နေပြည်တော်နဲဆက်ဆံရေး အပေါ်မှာ ဦးစားပေးနေတာကို ရပ်ဖို့လည်း အမျိုးသမီးများအဖွဲ့ချုပ်က တောင်းဆိုပါတယ်။

အလားတူ ပလောင် (တအာင်း) အမျိုးသမီးအစည်းအရုံးကလည်း အစိုးရအနေနဲ့ စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် ထိုးစစ်ရပ်ပြီး အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သင့်ကြောင်း ကြေညာထားပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)ကလည်း အစိုးရဟာ အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ပြုလုပ်နေတဲ့ ဖြစ်စဉ်တလျှောက်လုံးမှာ ရိုးသားမှုရှိတဲ့အသွင်ကို မတွေ့ရဘဲ စစ်တပ်ရဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို  ခွင့်ပြုနေကြောင်း ထုတ်ပြန်ပါတယ်။

ကချင်အမျိုးသမီးအစည်းအရုံးရဲ့ ပြောခွင့်ရ ဆိုင်းဇင်ကတော့ တပြည်လုံး အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပွဲဟာ အားလုံး ပါဝင်ခြင်းမရှိတဲ့အတွက် အမည်နဲ့ လိုက်ဖက်မှုမရှိကြောင်း၊ ဒါပေမယ့် လက်မှတ်ထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လက်မှတ်ထိုးပြီးတဲ့နောက် ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ပူးပေါင်းပါဝင်လာနိုင်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့သာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ချုပ်ဆိုဖို့ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုက ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိတဲ့အပေါ် အမျီုးသမီး အဖွဲ့အစည်းတွေအသီးသီးက သဘောထားကြေညာချက်တွေ ထုတ်ပြန်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013