DVB Logo
Home
နိုင်ငံတကာ
ကင်ညာနိုင်ငံသားများ ရုရှားအတွက် ဆက်တိုက်ပွဲဝင်တော့မည်မဟုတ်
DVB
·
October 14, 2015
Photo: Tatyana Makeyeva/Pool via REUTERS
Photo: Tatyana Makeyeva/Pool via REUTERS
Donate to DVB

ကင်ညာနိုင်ငံသားတွေ ယူကရိန်းမှာ ရုရှားအတွက် ဆက်လက်တိုက်ပွဲမဝင်တော့ဖို့ ရုရှားနဲ့ ကင်ညာအစိုးရတွေက သဘောတူခဲ့တယ်လို့ ကင်ညာနိုင်ငံခြားရေးဝန်ကြီး မူဆာလီယာ မူဒါဗာဒီက မတ်လ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

မူဒါဗာဒီက ရုရှားမြို့တော် မော်စကိုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ ဆွေးနွေးပြီးတဲ့နောက် ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ရုရှားမှာရှိနေတဲ့ ကင်ညာနိုင်ငံသားတွေ အထူးသဖြင့် အထူးစစ်ဆင်ရေးမှာ ပါဝင်သူတွေရဲ့ လူမှုဖူလုံရေး ကိစ္စနဲ့ပတ်သက်ပြီး ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ဆွေးနွေးခဲ့တယ်လို့လည်း မူဒါဗာဒီက ပြောပါတယ်။

ပြီးတော့ ကင်ညာနိုင်ငံသားတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတဆင့် စာရင်းမသွင်းဖို့ ကျနော်တို့ သဘောတူညီ ပြီးပြီလို့ ရှင်းရှင်း လင်းလင်းပြောချင်ပါတယ်၊ သူတို့ကို စစ်သည်အဖြစ် စာရင်းသွင်းဖို့ အရည်အချင်းပြည့်မီတော့မှာ မဟုတ်တော့ပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။

သင့်လျော်တဲ့ သံတမန်လမ်းကြောင်းတွေ ကနေတဆင့် အကူအညီလိုတဲ့ ကင်ညာနိုင်ငံသားတွေအတွက် ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုတွေကို စီစဉ်ပေးမယ်လို့လည်း သူက ထပ်ပြောပါတယ်။

ရုရှားနဲ့ မိတ်ဖက်ဆက်ဆံရေးကို ဘယ်အကြောင်းကြောင့်မှ (ယူကရိန်းမှာ) အထူးစစ်ဆင်ရေးအစီအစဉ်ရဲ့ မှန်ဘီလူးတွေကနေ အဓိပ္ပာယ်ဖွင့်ဆိုမှာ မဟုတ်ဘူး၊ ကင်ညာနဲ့ ရုရှားအကြား ဆက်ဆံရေးက ဒီထက် အများကြီး ကျယ်ပြန့်ပါတယ်လို့လည်း သူက ပြောပါတယ်။

ကင်ညာနိုင်ငံသားတွေဟာ ရုရှားတပ်မတော်နဲ့အတူ တိုက်ခိုက်ဖို့ စာချုပ်တွေကို စေတနာ့ဝန်ထမ်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် လာ့ဗ်ရော့ဗ်က ပြောပါတယ်။

ဖေဖော်ဝါရီလမှာ ဥပဒေပြုအမတ်တွေဆီ တင်ပြခဲ့တဲ့ ကင်ညာထောက်လှမ်းရေးအစီရင်ခံစာထဲမှာ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ တိုက်ခိုက်ဖို့ ကင်ညာနိုင်ငံသား ၁,၀၀၀ ကျော်ကို စုဆောင်းခဲ့ပြီး အာဏာပိုင်တွေက အရင်က ခန့်မှန်းထားတာထက် ၅ ဆပိုများတယ်လို့ ဖော်ပြထားပါတယ်။

ယူကရိန်းမှာ ရုရှားအတွက် တိုက်ခိုက်ဖို့ ကင်ညာနိုင်ငံသားတွေကို စုဆောင်းဖို့ လူကုန်ကူးဂိုဏ်းတွေနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ မသမာတဲ့ အစိုးရအရာရှိတွေရဲ့ ကွန်ရက်တခု ရှိတယ်လို့ ကင်ညာနိုင်ငံရေးသမားတွေက ဖော်ပြခဲ့ကြပြီး ကင်ညာအစိုးရက ဒီလုပ်ရပ်ကို ရပ်တန့်ချင်တယ်လို့ ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013