DVB Logo
Home
မြန်မာသတင်း
ဆည်ကျိုးသောကြောင့် ပျက်စီးစပါးများ အစားထိုးပြန်မစိုက်နိုင်
DVB
·
June 27, 2011
ဆည်ကျိုးသောကြောင့် ပျက်စီးစပါးများ အစားထိုးပြန်မစိုက်နိုင်
Donate to DVB

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ မိုးတွေအဆက်မပြတ် ရွာသွန်းလို့ မျိုးစပါးပျိုးခင်းတွေ ပျက်စီးခဲ့ပြီး အခုထိ စပါးပင်တွေ အစားထိုး ပြန်မစိုက်နိုင်သေးပါဘူး။

[caption id="attachment_11650" align="alignleft" width="310" caption="photo_Yewint thu"][/caption]

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ မိုးတွေ သည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် တာတမံတွေ ကျိုးပေါက်ပြီး လယ်ထဲကို ရေငန်တွေ စိမ့်ဝင်သွားခဲ့ပါတယ်။

မြေပုံမြို့နယ်ထဲက ငမန်းရိပ်၊ ညောင်တုန်း၊ ကြက်ရေကျွန်း၊ တံတားဦး၊ သင်းကနက်နဲ့ ပြင်ဖြူချောင်းရွာက ရွာသားတွေရဲ့  စပါးပျိုးခင်း စုစုပေါင်း ဧက ၅၀ လောက် ဆုံးရှုံးသွားပါတယ်။

မြေပုံမြို့နယ် ဒေသခံတယောက် “မိုးတွေ တအားကြီးတဲ့အတွက် တာတွေပေါက်ပြီးတော့ စပါးတွေ လယ်တွေအကုန်လုံး ရေနစ်သွားတာပေါ့။ ပျိုးပင်တွေက စိုက်တာလည်း မကြာသေးဘူးဆိုတော့ အခုတော့ မျိုးစပါးဖိုးတောင် မရတော့ဘူးပေါ့။ မျိုးစပါးကို ပြန်ပျိုးမယ်ဆိုရင် အချိန်ကကြာမှာလေ။ ဒါကြောင့် ကျနော်တို့ စိုက်ပျိုးရေးဌာနကို ပျိုးပင်ဖိုး အကူအညီ တောင်းထားတာပေါ့။ သူတို့ဆီကတော့ အကြောင်းပြန်တာ ဘာမှမရှိသေးဘူး။”

ဒီနှစ်အတွက် မျိုးစပါးကို အန်ဂျီအိုနဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့တွေက အကူအညီပေးခဲ့ပေမယ့် စပါးမျိုးပြန်ကြဲဖို့ အချိန်လွန်နေပြီ ဖြစ်တဲ့အတွက် အစိုးရဆီကနေ ပျိုးပင်တွေ ပြန်ထောက်ပံ့ပေးဖို့ တောင်းဆိုထားတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ဇွန်လ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း ရခိုင်ပြည်နယ်ထဲမှာ မိုးတွေ ဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် စစ်တွေ၊ သံတွဲ၊ တောင်ကုတ် စတဲ့ မြို့တွေမှာ ရေလွှမ်းခဲ့ပါတယ်။

စစ်တွေမြို့နယ် ချီလိုင်မင်းရွာမှာ လေဆင်နှာမောင်း တိုက်ခတ်သွားတဲ့အတွက် အိမ် ၉ လုံး ပျက်စီးခဲ့တယ်လို့ ရခိုင်ရိုးမသတင်းက ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013