DVB Logo
Home
မြန်မာသတင်း
မော်ချီးဒေသတွင် မြေပြိုမှုများ ဆက်ဖြစ်၊ ဒေသခံများ နေအိမ်စွန့်ခွာ (ရုပ်သံ)
DVB
·
October 14, 2015
မော်ချီးဒေသတွင် မြေပြိုမှုများ ဆက်ဖြစ်၊ ဒေသခံများ နေအိမ်စွန့်ခွာ (ရုပ်သံ)
Donate to DVB

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ဒီနေ့ချိန်အထိ မိုးအဆက်မပျက်ရွာပြီး မြေတွေထပ်မံပြိုကျနေတာကြောင့် ဒေသခံတွေ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မြေပြိုဒုက္ခသည်တွေအတွက် ယာယီကယ်ဆယ်ရေးစခန်းတွေကို မော်ချီ အောက်ရွာနဲ့ လိုခါးလိုရွာတို့မှာ  ဖွင့်လှစ်ထားပါတယ်။

ဆက်တိုက် မိုးရွာသွန်းမှုကြောင့် အောက်တိုဘာ ၁၁ ရက်မွန်းလွဲပိုင်းကစပြီး လူနေထိုင်ရာအိမ်တွေနဲ့ ပတ်ဝန်းကျင်တွေမှာ မြေပြိုကျမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေရာမှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ သေဆုံးသူ ၂၈ ဦးအထိ တိုးလာနေပါတယ်။

မြေပြိုမှုတွေကြောင့် အပျက်အစီးအောက်မှာ လူတွေရှိနိုင်သေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီနေ့ချိန်အထိ မိုးအဆက်မပျက်ရွာနေပြီး မြေတွေထပ်မံပြိုကျနေတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ယာယီကယ်ဆင်ရေးစခန်းတွေမှာ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အချိန်မီ လိုအပ်နေပါတယ်။

ရုပ်သံ - စိုင်းလင်းလင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013