DVB Logo
Home
မြန်မာသတင်း
အန်စီအေလက်မှတ်ထိုးမည့် လက်နက်ကိုင် ၅ ဖွဲ့ကို မတရားအသင်းမှပယ်ဖျက်
DVB
·
October 14, 2015
အန်စီအေလက်မှတ်ထိုးမည့် လက်နက်ကိုင် ၅ ဖွဲ့ကို မတရားအသင်းမှပယ်ဖျက်
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ကို  မတရားအသင်းနဲ့ အကြမ်းဖက်သူတွေအဖြစ်ကနေ ပယ်ဖျက်ကြောင်း အစိုးရကအောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA-PC )၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO )နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အဖွဲ့ ၅ ဖွဲ့ဟာ မတရားအသင်းအဖြစ်ကလည်းကောင်း အကြမ်းဖက်သူများအဖြစ်က လည်းကောင်း အကျုံးမ၀င်တော့ဘူးလို့  အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၂ ကတော့ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ၃ ဖွဲ့ကို  မတရားအသင်း အဖြစ်ကနေ  ပယ်ဖျက်ကြောင်း ပြည်ထဲရေးဝန်ကြီးက အမိန့်ထုတ် ပြန်ခဲ့ပြီးဖြစ်ပါတယ်။

မတရားသင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့ အဆိုပါလက်နက်ကိုင် ၈ ဖွဲ့ဟာ မနက်ဖြန် အောက်တိုဘာ ၁၅ ရက်နေ့ အစိုးရနဲ့  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို ပါဝင် လက်မှတ်ထိုးဖို့ ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013