DVB Logo
Home
မြန်မာသတင်း
အရွယ်ရောက်သူတွေ ပိုဝလာသည့်စာရင်းတွင် မြန်မာထိပ်တန်းကရပ်တည်
DVB
·
October 14, 2015
အရွယ်ရောက်သူတွေ ပိုဝလာသည့်စာရင်းတွင် မြန်မာထိပ်တန်းကရပ်တည်
Donate to DVB

အ၀လွန်တဲ့ အရေအတွက် အလျင်အမြန် တိုးတက်နေတဲ့ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်တန်းက ရပ်တည်နေတယ်လို့ ကမ္ဘာ့အ၀လွန် ဖက်ဒရေးရှင်းကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၁၀-၁၄ နှစ်အတွင်း အရွယ်ရောက်တဲ့သူတွေ အလျင်အမြန်နဲ့ ပိုမိုဝလာတဲ့ စာရင်းမှာ မြန်မာက ၂၉.၃ ရာခိုင်နှုန်းတိုးမြင့်ပြီး ယုဂန်ဒါ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဘရွန်ဒီတို့ကို ကျော်ပြီး ထိပ်တန်းမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့်လည်း ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ အ၀လွန်တဲ့ နှုန်းက ပိုမိုနိမ့်ကျနေတယ်လို့ဆိုပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၀တဲ့သူတွေ အလွန်အမင်းတိုးတက်လာတာတွေက ကလေးတွေမှာ ကယ်လိုရီတိုးလာစေဖို့ အတွက် သကြားအရသာရှိတာတွေကို အစားထိုးသုံးစွဲလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် အမြန်စားသုံးနိုင်တဲ့ ကေအက်စီတို့လို အစားအသောက်တွေက ဈေးကွက်ချဲ့ထွင်လာနေသလို အဆီပေါတဲ့ မုန့်ပဲသရေစာတွေက စတိုးဆိုင်တွေမှာ ပိုများလာတာကြောင့်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013