DVB Logo
Home
မြန်မာသတင်း
စစ်တပ်ယူနီဖောင်းသစ်ကို လူမှုကွန်ရက်မှာ သရော်သည့် အမျိုးသမီးတဦး ဖမ်းဆီး တရားစွဲဆိုခံရ
DVB
·
October 13, 2015
စစ်တပ်ယူနီဖောင်းသစ်ကို လူမှုကွန်ရက်မှာ သရော်သည့် အမျိုးသမီးတဦး ဖမ်းဆီး တရားစွဲဆိုခံရ
Donate to DVB

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ် ပြောင်းတဲ့အပေါ် သရော်တဲ့သဘောမျိုး ရေးသားခဲ့တဲ့ အမျိုးသမီးငယ်တဦးကို ရဲက ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ချောစန္ဒီထွန်းကို မနေ့က ရန်ကုန်မှာဖမ်းပြီး ညတွင်းချင်းပဲ မအူပင်ကို ပြန်ပို့ပြီး ရဲအချုပ်မှာ ချုပ်ထားတယ်လို့ သိရပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောနေတဲ့ပုံတို့ကို တွဲတင်ပြီး စစ်တပ်ရဲ့ ယူနီဖောင်း အရောင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်တဲ့ ထမီအရောင်နဲ့ နှိုင်းယှဉ် သရော်ခဲ့တယ်လို့ ဆိုပါတယ်။

ပို့စ်ကို နောက်တော့ ပြန်ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဗဟန်းရဲစခန်းက သူ့ကို ဖမ်းဆီးပြီး ညတွင်းချင်း မအူပင်ကို ပြန်ပို့ခဲ့ပါတယ်။

မအူပင်ရဲစခန်းကို ရောက်ပြီး မနေ့ညက မိသားစုဝင်တွေကို တွေ့ခွင့်မပေးဘဲ ဒီနေ့ တွေ့ခွင့်ရဖို့ စခန်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ မိသားစုဝင်တဦးက ဒီဗွီဘီကို  ပြောပါတယ်။

မချောစန္ဒီထွန်းကို ဆက်သွယ်ရေးပုဒ်မ ၃၄ (ဃ) နဲ့ အမှုဖွင့်ထားပြီး ဒီကနေ့ မအူပင်တရားရုံးမှာ ယမန်ယူပြီး ၂၇ ရက်နေ့မှာ ရုံးပြန်ချိန်းထားတယ်လို့ သိရပါတယ်။

မချောစန္ဒီထွန်းဟာ မအူပင်နည်းပညာတက္ကသိုလ်ကနေ B.Tech (EC) ဘွဲ့ရထားသူဖြစ်ပြီး လူမှုကွန်ရက် မီဒီယာပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို ထောက်ခံတဲ့ ပို့စ်တွေ ရေးသားနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013