DVB Logo
Home
မြန်မာသတင်း
လှေစီးဝင် ဘင်္ဂလားဒေ့ရှ် ၁၀၃ ဦး နေရပ်ပြန်ပို့
DVB
·
October 13, 2015
လှေစီးဝင် ဘင်္ဂလားဒေ့ရှ် ၁၀၃ ဦး နေရပ်ပြန်ပို့
Donate to DVB

မြန်မာနိုင်ငံထဲ လှေစီးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၃ ဦးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြို (လက်ဝဲ) မြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အမှတ် ၁၇ နယ်ခြားစောင့်တပ်က ခေတ္တ တပ်ရင်းမှူးထံ အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ တရားဝင် အခမ်းအနားနဲ့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့တာလို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလက ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် ၂၀၀ လိုက်ပါလာတဲ့ လူမှောင်ခို လှေတစီးနဲ့ ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီ ၇၀၀ ကျော်ပါ လှေတစီး ဖမ်းမိခဲ့တာဖြစ်ပြီး ဇူလိုင်လမှာတော့ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ စောင်းကောက်ကျွန်းမှာ ဘင်္ဂါလီ ၁၀၂ ဦးကို တပ်မတော်ရေက ဖမ်းဆီးမိခဲ့တာပါ။

အဆိုပါ ထိန်းသိမ်းထားသူတွေကို အသုတ်လိုက်ခွဲ နေရပ်ပြန်ပို့ပေးနေတာမှာ ခုတကြိမ်ဟာ ၆ ကြိမ်မြောက် လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး  စုစုပေါင်း ၇၂၉ ဦးရှိပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွှဲပေးလိုက်သူတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိ ဦးခင်စိုးက “အဲဒါက ဧရာဝတီတိုင်းမှာ ဖမ်းမိတဲ့လူရော၊  ရခိုင်ပြည်နယ်မှာ ဖမ်းမိတဲ့ လူတွေရော ပါသလို ကော့သောင်းဘက်ကနေ ပို့လိုက်တဲ့လူလည်း ပါပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ကျန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၇ ဦးကို နေရပ်ပြန်ပို့ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်နေသလို နယ်ခြားစောင့်တပ်ဖွဲ့တွေ အချင်းချင်း ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013