DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်စာတမ်းများ အခမဲ့ထုတ်ယူနိုင်ပြီ
DVB
·
October 13, 2015
ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာစာအုပ်စာတမ်းများ အခမဲ့ထုတ်ယူနိုင်ပြီ
1 / 2
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေတဲ့ မဲရုံမှူးတွေနဲ့ မဲရုံအဖွဲ့ဝင်တွေအတွက်  လက်စွဲစာအုပ်၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်း လုပ်ငန်းစဉ်သိမှတ်ဖွယ်ရာ စာအုပ်တွေကို  လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပါတီတွေရယူနိုင်ပြီလို့ သိရပါတယ်။

UEC2015-10-12ဒါ့အပြင်  မဲရုံပုံစံဗီနိုင်း ၂ မျိုး၊ မဲရေတွက်ပုံ ဗီနိုင်း၊ ပယ်မဲနဲ့ ခိုင်လုံမဲ ဗီနိုင်းတွေလည်းရောက် ရှိနေပြီး    ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပစ္စည်းကို ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက် ကွန်ရက်ရုံးတွေမှာ အခမဲ့ လာယူနိုင်တယ်လို့ အဆိုပါအဖွဲ့မှာ စီမံကိန်းမန်နေဂျာ ဦးကျော်ကျော်က ပြောပါတယ်။

“အခမဲ့ပါ။ ရုံးမှာ လာယူလို့ ရတယ်။ နယ်ကဆိုလဲ ကားဂိတ်အထိ ပို့ပေးပါတယ်။ ပို့ခတော့ မှာတဲ့သူက ကျခံရပါမယ်။ တဦးချင်းကိုတော့ မပေးပါ။ CSOs အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကိုပဲ ထောက်ပံ့ပါတယ်။”

အဆိုပါ ပစ္စည်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက် စင်တာကနေ ရနိုင်ပြီး မသန်စွမ်းသူတွေအတွက်လည်း  အတန်အသင့် ပြည်စုံအောင် လုပ်ထား တယ်လို့ သူက ပြောပါတယ်။

“UEC Information Center မှာ ရနိုင်ပါတယ်။ ကျနော်တို့က သူတို့ဆီကတဆင့် ကျနော်တို့ရဲ့ ကွန်ရက်ကနေ ပြန်လည်ဖြန့်ဝေတာမျိုးပေါ့။ UEC ကသာ မဟုတ်ဘူး အခြားသော ရနိုင်တဲ့ အရင်းအမြစ်တွေကလည်း ရယူပြီး တဆင့်ပြန်ဖြန့်ပေးတာလည်း ရှိပါတယ်။ နောက်ပြီး မသန်စွမ်းတွေအတွက် သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး မသန်စွမ်း အဖွဲ့အစည်းတွေက အကြံဥာဏ်တွေကို ရယူပြီး ထည့်သွင်းစဉ်းစား၊ ထုတ်ထားတာတွေ ဖြစ်လို့ အတန်အသင့်တော့ ပြည့်စုံမယ်လို့ ယုံကြည်ပါတယ်။”

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ရက်ကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ဖြန့်ဝေတာနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013