DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် အန်စီအေလက်မှတ်ထိုးပွဲ တက်မည်မဟုတ်
DVB
·
October 13, 2015
ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် အန်စီအေလက်မှတ်ထိုးပွဲ တက်မည်မဟုတ်
Donate to DVB

နေပြည်တော်မှာ ကျင်းပမယ့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးမယ့် အခမ်းအနားကို တက်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကပြောကြားလိုက်ပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ်ထိုးမယ့်အခန်းအနားကို တက်ရောက်ဖို့ ၀န်ကြီးဦးအောင်မင်းက ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကို အထူးကိုယ်စားလှယ်အနေနဲ့ ဖိတ်ကြားခဲ့ပြီးနောက်  နော်ဆီဖိုးရာစိန်က ဦးအောင်မင်းဆီပြန်တဲ့စာမှာ ဖော်ပြန်ထားပါတယ်။

“ကျမတယောက်ထဲအနေနဲ့ အန်စီအေလက်မှတ်ထိုးမယ့် အခမ်းအနားသွားမယ်ဆိုရင် တိုက်ပွဲတွေ မရှိစေချင်တော့ဘူးလေ။ တိုက်ပွဲတွေမရှိတော့ဘူး၊ အားလုံး ငြိမ်သက်နေပြီဆိုရင် အဲဒီအခမ်းအနားသွားပြီးလက်မှတ်ထိုးရင် စိတ်ချမ်းသာရတာပေါ့။ အခုဟာက ကျမတို့ လက်မှတ်သွားထိုးမယ် တဖက်ကလည်း တိုက်ပွဲတွေဖြစ်ပွားနေမယ်ဆိုရင် ကျမရဲ့ရည်မှန်းချက်နဲ့ လည်း မကိုက်ညီပါဘူး။ ”

ဝန်ကြီး ဦးအောင်မင်း ဆီကို ပေးပို့တဲ့စာမှာတော့  ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဘက်မှာ အစိုးရထိုးစစ်တွေ ပြင်းထန်နေချိန်မှာ လက်မှတ်ထိုးပွဲ အခမ်းအနားကို တက်ရောက်မယ်ဆိုရင် စစ်ဖြစ်နေတဲ့ဒေသက  ပြည်သူတွေရဲ့ဘ၀ လုံခြုံမှုမရှိတဲ့ အခြေအနေအတွက် အခမ်းအနား ဆင်နွှဲတဲ့သဘောမျိုး သက်ရောက်မယ်လို့ စာထဲမှာ ဖော်ပြထားပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ အကြား အန်စီအေစာချုပ်လက်မှတ်ရေးထိုးဖို့ရှိပြီး လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့တွေ ကတော့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ရှမ်းပြည်တပ်မတော် – ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (SSA – RCSS) အဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ခေါင်းဆောင်တဲ့ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ကတော့ ဒီနေ့ မနက်ပိုင်းမှာ နေပြည်တော်မှာ ရှိတဲ့  သမ္မတရဲ့   လယ်တောအိမ်မှာ အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013