DVB Logo
Home
မြန်မာသတင်း
လူဇင်ဘတ်ကို နိုင်ပြီး ပထမဆုံး ယူရိုခြေစစ်ပွဲအောင်သည့် ဆလိုဗက်ကီးယား (ရုပ်သံ)
DVB
·
October 13, 2015
လူဇင်ဘတ်ကို နိုင်ပြီး ပထမဆုံး ယူရိုခြေစစ်ပွဲအောင်သည့် ဆလိုဗက်ကီးယား (ရုပ်သံ)
Donate to DVB

ယူရို ၂၀၀၆ အုပ်စု (ဂ) ခြေစစ်ပွဲအဖြစ် လူဇင်ဘတ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ကစားခဲ့ပြီးတော့ ဆလိုဗက်ကီးယားအသင်းက ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲကို ၀င်ကစားခွင့် ရရှိသွား ပါတယ်။

အုပ်စု ဂ မှာ ဦးဆောင်နေတဲ့ စပိန်အသင်းက တတိယနေရာက ယူကရိန်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာကလည်း ဆလိုဗက်ကီးယားအတွက် ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ပိုမိုရရှိသွားတာ ဖြစ်ပါတယ်။

မာရတ် ဟန်စစ်၊ အဒမ်နီမက်နဲ့ ရောဘတ် မတ်တို့က ပထမပိုင်း မိနစ် ၃၀မှာ ၃ ဂိုး သွင်းယူခဲ့ပါတယ်။

လူဇင်ဘတ်က ဒုတိယပိုင်းမှာ ခြေပဂိုး ၂ ဂိုးပြန်သွင်းယူခဲ့ပေမယ့် မာရတ်ဟန်စစ်က နောက်ထပ် ၁ ဂိုး သွင်းယူပြီး ၄ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။

ဒီအတွက် ဆလိုဗက်ကီးယားဟာ ၁၀ ပွဲကစား ၂၂ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မြင်သွားပါတယ်။

ဆလိုဗက်ကီးယား နည်းပြကတော့ ဒုတိယနေရာကနေ ခြေစစ်ပွဲအောင်မယ်လို့ ယုံကြည်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

အုပ်စု ပထမနေရာမှာတော့ စပိန်က ၁၀ ပွဲကစား ၂၇ မှတ်နဲ့ ခြေစစ်ပွဲအောင်မြင်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013