DVB Logo
Home
မြန်မာသတင်း
ကျေးရွာအုပ်စု ၄၀၀ ကျော်နှင့် ၅ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကော်မရှင်ကြေညာ
DVB
·
October 13, 2015
ကျေးရွာအုပ်စု ၄၀၀ ကျော်နှင့် ၅ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကော်မရှင်ကြေညာ
Donate to DVB

မြန်မာနိုင်ငံတ၀န်း ကျေးရွာအုပ်စုပေါင်း ၄၀၃ အုပ်စုနဲ့ မြို့နယ် ၅ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

ကချင်၊ ကရင်၊ ရှမ်း၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက နယ်မြေတချို့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့  အောက်တိုဘာ ၁၂ ရက်နေ့စွဲနဲ့  ကြေညာချက်တွေ ထုတ်ပြန်လိုက်တာပါ။

ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေထဲမှာ ကချင်ပြည်နယ်မှာ တ၀က်ကျော်လောက်နဲ့ အများစုပါဝင်ပြီး  မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ ၀ိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ တနိုင်း၊ မိုးမောက် မန်စီနဲ့ ရွှေကူမြို့နယ်ထဲက ကျေးရွာအုပ်စု စုစုပေါင်း ၂၁၁ စုရှိ ပါတယ်။

ကရင်ပြည်နယ်ထဲတော့ ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီနဲ့ ဖာပွန်မြို့နယ်ထဲက ကျေးရွာအုပ်စုပေါင်း ၉၄ အုပ်စုပါဝင်ပါတယ်။

ရှမ်းပြည်နယ်ထဲမှာတော့ ၀ဒေသက ပန်ဆန်း (ပန်ခမ်း)၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်းနဲ့ မိုင်းလားမြို့နယ် ၅ ခုစလုံးပါဝင်ပြီး  မူဆယ်၊ ကုန်းကြမ်း၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းတုံ၊ မက်မန်းမြို့နယ်ထဲက ကျေးရွာအုပ်စု (၅၆) စုပါဝင်ပါတယ်။

ပဲခူးတိုင်းအတွင်းမှာတော့ ကျောက်ကြီးနဲ့ ရွှေကျင် မြို့နယ်ထဲက ကျေးရွာအုပ်စု ၄၁ စုနဲ့ မွန်ပြည်နယ်ထဲ ဘီးလင်းမြို့နယ်ထဲက ဘောနောခီးကျေးရွာအုပ်စု ၁စုတို့ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013