DVB Logo
Home
မြန်မာသတင်း
လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုကြေးငွေများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်း
DVB
·
October 13, 2015
လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုကြေးငွေများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်း
Donate to DVB

အခု လာရောက်ထုတ်ယူခြင်းမရှိသေးတဲ့ ဆုကြေးကျပ်သန်းပေါင်း တစ်ထောင်ဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလအထိဖြစ်ပြီး လာမထုတ်တဲ့ ဆုကြေးတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

လာရောက်ထုတ်ယူခြင်း မရှိသေးတဲ့ ဆုကြေးတွေအနက် အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ကျပ်သိန်း ၁၅၀၀ ဆုလည်း ပါဝင်တယ်လို့ သိရပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာတော့ ထီပေါက်ပြီး လာမထုတ်တဲ့ ဆုကြေးငွေပေါင်း ကျပ်သန်းသုံးထောင်ကျော်ရှိပါတယ်။

"အခုက ဘာဖြစ်လဲဆိုတော့ ထီပေါက်တဲ့လူက ထီပေါက်ပြီးသူ့မှာ ထီလက်မှတ်မရှိဘူး ဖြစ်နေတယ်။ မရှိတဲ့အတွက် တရားရုံးမှာ တိုင်ကြားတယ်လို့ သိရပါတယ်။ တရားရုံးကလည်း တိုင်ကြားတဲ့အခါကြတော့ အဲ့ဒီလူကို ထီပေါက်တယ်လို့ တရားရုံးကနေ ဆုံးဖြတ်ပေးလိုက်တယ်။ ဒါပေမယ့် အဲ့ဒီလူမှာ ထီလတ်မှတ်မရှိတဲ့အတွက် ထီလက်မှတ် လာရောက်တင်ပြနိုင်ခြင်း မရှိတဲ့အတွက် ဒီဆုမဲကို မထုတ်ပေးသေးဘူး။ အမှန်တော့ ဘဏ္ဍာသိမ်းကာလကတော့ ဆုမဲပေါက်တာကြေညာပြီး တစ်နှစ်အတွင်း ကျနော်တို့က ဒီဟာကိုလာမထုတ်ရင် သိမ်းရတာပေါ့။ ဒါပေမယ့် ဒါကိုတော့ ခြွင်းချက်အနေနဲ့ လောလောဆယ်တော့ ကျနော်တို့က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်တဲ့အထိ စောင့်ပေးမယ့်ပေါ့"လို့ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဋ္ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။

ထီလက်မှတ်ရောင်းဈေး  တိုးမြှင့်သွားဖို့နဲ့ ထီဆုကြေးငွေကို တိုးမြှင့်သွားဖို့ အစီစဉ်ရှိတယ်လို့ သိရပြီး လွှတ်တော်မှာတင်ပြထားတဲ့ ထီဥပဒေကြမ်း အတည်ပြုပြီးမှာသာ အတိအကျ သိနိုင်မှာ ဖြစ်ပါတယ်။

"သိန်းသုံးထောင်တို့ သိန်းငါးထောင်တို့ တိုးပေးသင့်ကြောင်း ဒါမှ ထီရဲ့ မက်လုံး သဘောမျိုး ဖြစ်ပြီးတော့ ထီထိုးတဲ့သူတွေကိုလည်း ဆွဲဆောင်အားဖြစ်လာအောင် ထီရောင်းဈေးကိုလည်း တိုးမြှင့်သင့်တယ်။ ထီဆုကြေးကိုလည်း တိုးမြှင့်သင့်ပါတယ်လို့ တင်ပြထားတာပေါ့။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရတော့ ဒီဟာတွေက ဖြစ်မလာသေးဘူးလို့ ထင်ပါတယ်။ နောက်ဒီကြားထဲမှာလည်း လွှတ်တော်မှာ ထီဥပဒေကြမ်းကို တင်ပြထားဆဲဖြစ်ပါတယ်။ ထီဥပဒေကြမ်းက အတည်ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့လည်း ရောင်းဈေးတွေ ထီဆုမဲတွေ ထီဆုကြေးတွေ အဲ့ဒီဥပဒေပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့  ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ဆက်ပြောပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဋ္ဌာနခွဲမှ ထီတစောင်ကို ၂၀၀ ကျပ်နဲ့ ရောင်းချပေးနေပါတယ်။

ထီရောင်းရငွေစုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် အသုံးပြုတာဖြစ်ပြီး ၄၀ ရာခိုင်နှုန်း ကိုတော့ နိုင်ငံအခွန်အဖြစ် အသုံးပြုတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့အထိ ထီလက်မှတ်ရောင်းချရငွေပေါင်း ၁၅.၆ ဘီလီယံကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013