DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင် ၃ ဖွဲ့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်
DVB
·
October 12, 2015
လက်နက်ကိုင် ၃ ဖွဲ့ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်
Donate to DVB

ဆယ်စုနှစ်တွေနဲ့ချီပြီး မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို  ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့က စပြီး မတရားအသင်းအဖြစ်ကနေ  နိုင်ငံတော်သမ္မတက  ပယ်ဖျက်လိုက်ကြောင်း ကြေညာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့တွေကို  မတရားအသင်း အက်ဥပဒေအရ ကြေညာ ထားရာကနေ  ပယ်ဖျက်ကြောင်း ပြည်ထဲရေးဝန်ကြီး  ဒုဗိုလ်ချုပ်ကြီး ကိုကိုက အောက်တိုဘာ ၁၂ ရက်နေ့စွဲနဲ့ အမိန့်ထုတ် ပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်သူတွေအဖြစ် ကြေညာခံထားရတဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ၂ ဖွဲ့ကို အကြမ်းဖက်သူတွေအဖြစ်ကနေ ပယ်ဖျက်ကြောင်းလည်း ပြည်ထဲရေး ၀န်ကြီးက သီးခြား ကြေညာချက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

မတရားသင်းကနေ ပယ်ဖျက်ပေးလိုက်တဲ့ အဆိုပါလက်နက်ကိုင် ၃ ဖွဲ့ဟာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ အစိုးရနဲ့  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)လက်မှတ်ထိုးမယ့် လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ထဲ အပါအ၀င်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013