DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်
DVB
·
October 12, 2015
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်
Donate to DVB

ဒီလကို မုတ်သုံအဆုတ်နဲ့ မုန်တိုင်းအတက်ကာလလို့ ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း တခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ၈ ရက်နေ့က အားအနည်းငယ် ပိုကောင်းလာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအနီးမှ စတင် ဖြတ်သန်းပါတယ်။ အဲဒီနောက် အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ရခိုင် ကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားခဲ့ပါတယ်။

ဒီအရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းကမ်းလွန်ပင်လယ်ပြင်မှာ လေပြင်းများ တိုင်ခိုက်ခဲ့ပါတယ်။ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း တနည်းအားဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းစေခဲ့ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အထူးသဖြင့် မန္တလေး အနောက်အလယ်ပိုင်းဒေသမှာ ၁ နာရီလေတိုက်နှုန်း ၂၅ မိုင်မှ ၃၀ မိုင်နှုန်းနဲ့ လေပြင်းများ တိုက်ခတ်နိုင်တဲ့ အနေအထားကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီလို မိုးရက်ဆက် ရွာသွန်းခဲ့တာကြောင့် ၂၀၁၅ ခု တတိယရေကြီးကာလရဲ့နောက်ဆက်တွဲ ရေကြီးကာလတခုကို ပြီးခဲ့တဲ့ ရက်အတွင်းက ကြုံတွေ့ခဲ့ရပါတယ်။

ကောလင်းနဲ့ ဝင်းသို ရေကြီးမှုကြောင့် ကောလင်းဆေးရုံမှာ အရေးပေါ်လူနာ ခွဲစိတ်ကုသမှုကို ရေတွေထဲမှာပဲ လုပ်နေရတယ်ဆိုတဲ့ အခြေအနေတွေပါ။ ကျောက်မဲမှာလည်း ရေကြီးပြီး တံတားကျိုးခဲ့ပါတယ်။ ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းမှာလည်း ရေကြီးခဲ့ပါတယ်။ ဒီလို ရေကြီးမှုကြောင့် ကလေး-တမူးလမ်းမှာ တံတား ၃ စင်း ကျိုးခဲ့ပါတယ်။

မိုးများတဲ့အတွက် သဖန်းဆိပ်ဆည်အတွင်းက ရေများ လွှတ်ထုတ်ခဲ့ရာ ရေလွှဲပေါက်က ထွက်လာ တဲ့ ရေတွေဟာ အရှိန်အဟုန်ပြင်းတဲ့အတွက် တံတားပေါ်ရေကျော်ပြီး တံတားကျိုးကျသွား ခဲ့ပါတယ်။

လာမယ့်ရက်သတ္တပတ်အတွင်းတော့ မြောက်ပိုင်းဒေသတွေကလွဲလို့ ကျန်ဒေသတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တဲ့ အနေအထားများ ဆက်လက်ရှိနိုင်သေးတယ်လို့ ခန့်မှန်းပါတယ်။

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတ၀ှမ်းမှ ဆုတ်ခွာခဲ့ပြီး ဖြစ်ပေမယ့် ဘင်္ဂလား ပင်လယ်အော်ထဲမှာ လေထုတွေ မတည်ငြိမ်မှု မကြာမကြာ ဖြစ်ပေါ်နေခဲ့တဲ့အတွက် မုတ်သုံဆန်တဲ့ရာသီဥတု လက်ရှိမှာ ဖြစ်ပေါ်နေခဲ့ပါတယ်ပါလို့ စသဖြင့် မိုးလေဝသ ဒေါက်တာထွန်းလွင်က အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဒီဗွီဘီရဲ့ တပတ်တာ မိုးလေဝသ ခန့်မှန်းချက်မှာ တင်ပြပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013