DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ ကိုကိုးကျွန်း မဲဆွယ်စည်းရုံးရေးခရီးစဉ် တားဆီးခံရ
DVB
·
October 12, 2015
အန်အယ်လ်ဒီပါတီ ကိုကိုးကျွန်း မဲဆွယ်စည်းရုံးရေးခရီးစဉ် တားဆီးခံရ
Donate to DVB

ရွေးကောက်ပွဲကျင်းပဖို့ ရက်အနည်းငယ်သာ ကျန်တော့တဲ့အချိန်မှာ ကိုကိုးကျွန်းကို မဲဆွယ်စည်းရုံးဖို့ သွားရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ခရီးစဉ် တားဆီးခံရတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူတဦးရဲ့ အဆိုကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

အန်အယ်လ်ဒီပါတီဟာ ကိုကိုးကျွန်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွက် ပါတီဝင် ၃ ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ စေလွှတ်ဖို့ စာတင်ခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရဆီက ခွင့်ပြုချက်မရခဲ့ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ အဲဒီကိုသွားဖို့ ပြီးခဲ့တဲ့ တလကျော်တည်းက ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ခွင့်ပြုချက် မရခဲ့ပါဘူး။ အာဏာပိုင်တွေအနေနဲ့ ကျနော်တို့ကို နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးနေတာ ထင်ရှားနေပါတယ်” လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ ကိုကိုးကျွန်းကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်သွားမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ကို အလျှင်အမြန် သွားခွင့်ပေးသင့်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ ဦးသန့်ဇင်အောင်က “မဲဆွယ်စည်းရုံးခွင့် ဥပဒေအရဆိုရင် တစုံတယောက်က မဲဆွယ်စည်းရုံးခွင့် တောင်းခံလာခဲ့ရင် ခွင့်ပြုပေးဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013