DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင် အလုပ်သမားများ အလုပ်ထုတ်ခံမည့် အခြေအနေ ကြုံတွေ့
DVB
·
October 11, 2015
ပြင်ဦးလွင် အလုပ်သမားများ အလုပ်ထုတ်ခံမည့် အခြေအနေ ကြုံတွေ့
1 / 7
Donate to DVB

ပြင်ဦးလွင်မြို့က မှန်ဘီလူးစက်ရုံမှာ အနည်းဆုံးလုပ်ခလစာပေးပြီး တခြားခံစားခွင့်တွေ ဖြတ်တောက်ခံလိုက်ရလို့ ပြန်တောင်းဆိုနေတဲ့ အလုပ်သမားတွေ အလုပ်ထုတ်ခံရမယ့် အခြေအနေ ကြုံနေရပါတယ်။

ပြင်ဦးလွင်ခရိုင်၊ သုံးတောင်ရွာမှာရှိတဲ့ BTC (Burst Trasmission Co.,Ltd) မှန်ဘီလူးစက်ရုံက အလုပ်သမား ၃၀၀ လောက်ဟာ ဆုကြေး၊ ကျန်းမာရေးစရိတ် စတဲ့ ခံစားခွင့်တွေပြန်ရဖို့ တောင်းဆိုနေကြတာပါ။

“မနက်ဖြန် အလုပ်မဆင်းရင် အလုပ်ထုတ်မယ်လို့ ပြောတယ်။ စက်ရုံဝင်း အပြင်ထွက်ရင်လည်း ဆူပူမှုနဲ့ တရားစွဲမယ်လို့ ပြောတယ်” လို့ စက်ရုံ အလုပ်သမား ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့ မအေးမြသီတာက ဒီဗွီဘီကို ပြောပါတယ်။

ပုံမှန်လစာထုတ်ပေးလေ့ရှိတဲ့ အောက်တိုဘာ ၇ ရက်နေ့က လစာတွေကို တိုးပေးပြီလို့ ကြေညာစာကပ်ထားပြီး တကယ်တမ်းသွားထုတ်ချိန်မှတော့ အနည်းဆုံးအခြေခံလစာ ၁၀၈၀၀၀ ကျပ်ကနေ နေစရိတ်၊ စားစရိတ်အဖြစ် ၂၄၀၀၀ ကျပ်ကို ပြန်နုတ်ထားတယ်လို့ သူက ပြောပါတယ်။

အချိန်ပိုကြေးကို ပေးပေမယ့် အရင်က ရနေတဲ့ ဆုကြေးတွေ၊ ကျန်းမာရေးစရိတ်၊ သက်သာ စရိတ်တွေကိုတော့ မပေးတော့ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အဲဒါကြောင့် အောက်တိုဘာ ၈ ရက်နေ့ကစပြီး အောက်ခြေ ၀န်ထမ်းတွေဟာ အလုပ်မဆင်းပဲ စက်ရုံရှေ့မှာပဲ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

“လူမှုဖူလုံရေးက ဦးစီးအရာရှိနဲ့ စက်ရုံပိုင်ရှင်တွေ နေ့တိုင်းလာပြီးတော့ ညှိတယ်။ အစိုးရသတ်မှတ်ပေးတာက ၁ ရက်ကို ၃၆၀၀ ကျပ်ပဲ ဖြစ်ပြီး ကျန်တာတွေ မပါဘူးလို့လည်း သူတို့က ပြောတယ်” လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။

မြိုင်မြို့နယ်က လာရောက်လုပ်ကိုင်နေရတဲ့ မအေးမြသီတာက  “ကျမ အလုပ်စ၀င်ကာစက အခြေခံလစာက ၃၇၀၀၀ ကျပ်ပဲ။ ဒါပေမယ့် အချိန်ပိုကြေးနဲ့ တခြားခံစားခွင့်တွေ ပေါင်းရင် ၇ သောင်းလောက်ရတယ်။ အလုပ်ခေါ်တုန်းက နေစား ငြိမ်းဆိုပြီး ခုတော့ အဲဒီစရိတ်တွေ ဖြတ်လိုက်တော့ တကယ်တမ်းရတာက အရင်ကထက်နည်းသွားတယ်” လို့ပြောပါတယ်။

အနည်းဆုံးလုပ်ခ လစာအဖြစ် ၁ ရက်ကို ကျပ် ၃၆၀၀ လို့ သတ်မှတ်ပြီးတဲ့နောက် လုပ်သားတွေ လျှော့ခံရတာ၊ ခံစားခွင့်တွေ ဖြတ်တောက်ခံရတာတွေကြောင့် ဆန္ဒပြတာတွေ ဆက်တိုက် ဖြစ်နေတာပါ။

ဓာတ်ပုံ-အောင်ကိုဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013