DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ် ၅ နှစ်စီမံကိန်းအတွက် ဒေါ်လာသန်း ၄၀၀၀ ကုန်ကျခံမည်
DVB
·
October 11, 2015
ရန်ကုန်မြို့သစ် ၅ နှစ်စီမံကိန်းအတွက် ဒေါ်လာသန်း ၄၀၀၀ ကုန်ကျခံမည်
Donate to DVB

ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ ပထမ ကာလတို ၅ နှစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄ ထောင် ကုန်ကျခံမှာ ဖြစ်ပါတယ်။

ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းကို ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့အစည်းနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ မြို့ပြစီမံကိန်းဌာနတို့ ပူးပေါင်းရေးဆွဲထားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်ပြထားပြီးဖြစ်တယ်လို့ မြို့ပြစီမံကိန်းဌာနက ဒေါက်တာတိုးအောင်က ပြောပါတယ်။

ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ အိမ်ခြံမြေအလုပ်ရုံဆွေးနွေးပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

စီမံကိန်းထဲမှာ မြို့သစ်တည်တာနဲ့ အထူးစီးပွားရေးဇုန်ဖော်ဆောင်တာ စတဲ့ ပရောဂျက်ပေါင်း ၁၇ ခု ပါဝင်မှာ ဖြစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်အလိုက် ကြည့်ပြီး ရေးဆွဲထားတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013