DVB Logo
Home
မြန်မာသတင်း
ကသာအနီးတွင် ငလျင်လှုပ်
DVB
·
October 11, 2015
ကသာအနီးတွင် ငလျင်လှုပ်
Donate to DVB

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျစတာစကေး (၄.၇) အဆင့်ရှိ ငလျင်လှုပ်သွားခဲ့တယ်လို့ မိုးလေ၀သဌာနက ကြေညာပါတယ်။

ဒီနေ့မနက် ၆ နာရီ ၂၅ မိနစ်လောက်မှာ မန္တလေးမြေငလျင်စခန်းနဲ့ မိုင် ၁၅၀ ခန့်အကွာ ကသာမြို့ရဲ့ အနောက်တောင်ဘက် ၁၈ မိုင်ခန့်အကွာကို ဗဟိုပြုတဲ့ အင်အားအသင့်အတင့်ရှိ ငလျင် လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်သွားတဲ့ စစ်ကိုင်းတိုင်းအတွင်း အခုရက်ပိုင်း မိုးကြီးရေကြီးပြီး တောင်ကျချောင်းရေ ဒလဟောထိုးဆင်းမှုကြောင့် လူနဲ့ ကျွဲ၊ နွား သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။

အောက်တိုဘာ ၈ ရက်ညပိုင်းက၊ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ကျောင်းကြီးကျေးရွာအနီးရှိ ဖုန်းသုန်းချောင်း ရေကျဆင်းတာကြောင့် လူ ၁၄ ယောက်၊ ကျွဲ ၁၉ ကောင်၊ နွား ၄ ကောင်တို့ ရေထဲမျောပါ ပျောက်ဆုံးခဲ့တယ်လို့ မြန်မာ့အလင်းသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013