DVB Logo
Home
Lead Story
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၇ လပြည့် ကျင်းပ
DVB
·
October 10, 2015
ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၇ လပြည့် ကျင်းပ
1 / 8
Donate to DVB

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်နှိမ်နင်းဖြိုခွင်းခံခဲ့ရတဲ့ ၇ လပြည့်နေ့ အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲနဲ့ သံတမံရေးရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကုန်သည်လမ်းမှာရှိတဲ့ MAC Tower က ဖန်တီးရာမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ Fortify Rights, Havard Law School International Human Rights Clinic, Justice Trust နဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းဖိုရမ်တို့က ဆွေးနွေးပြီး သတင်းမီဒီယာတွေက မေးမြန်းတာတွေကို ဖြေကြားပေးခဲ့ပါတယ်။

ဒါ့အပြင် လက်ပံတန်းမှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က နှိမ်နှင်းဖြိုခွင်းဖမ်းဆီးခဲ့တဲ့ အကြောင်းတွေကို ပူးတွဲစုံးစမ်းစစ် ဆေးမှုပြုလုပ်ခဲ့တဲ့ တွေ့ရှိချက်တွေကို ဖော်ပြထားတဲ့ အစီရင်ခံစာတစ်ဆောင်ကို Fortify Rights အဖွဲ့နဲ့ Havard Law School International Human Rights Clinic အဖွဲ့တို့က ထုတ်ပြန်သွားမယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ နိုင်ငံတကာဥပဒေအောက်မှာ သက်သေခံအထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

သတင်းဓာတ်ပုံ - လင်းဆက်အောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013