DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည်ဟု ဗြိတိန်သံအမတ်ကြီး ပြော
DVB
·
October 10, 2015
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည်ဟု ဗြိတိန်သံအမတ်ကြီး ပြော
Donate to DVB

ပြည်တွင်းနဲ့ နိုင်ငံတာကာ စောင့်ကြည့်ရေးအဖွဲ့တို့ ပူးပေါင်းပြီး လာမယ့်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ မဲလိမ်မဲခိုးတာတွေကို ကာကွယ်ဖို့ နိုင်ငံတာကာ လေ့လာစောင့်ရေးအဖွဲ့နဲ့ ပြည်တွင်းက စောင့်ကြည့်ရေးအဖွဲ့တွေ ပှုးပေါင်း လေ့လာစောင့်ကြည့်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီး အန်ဒရူးပက်ထရစ် (Andrew Patrick) က ပြောပါတယ်။

အောင်တိုဘာ ၈ ရက်နေ့က မုံရွာမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့တွေဆုံချိန် ပြောကြားလိုက်တာဖြစ်ပါတယ်။

အန်ဒရူးက “နိုင်ငံတာကာစောင့်ကြည့်ရေးအဖွဲ့မှာလည်း ကျနော်တို့ပါဝင်ပတ်သက်မှာ ဖြစ်ပါတယ်။  ဥရောပ နိုင်ငံကနေ လေ့လာစောင့်ကြည့်မယ့်သူ ၁၅၀ ကျော်၊ အမေရိကန်ကလည်း ၁၅၀ ကျော်၊ သြစတြေးလျကလည်း ၁၀၀ ကျော် ပါဝင်မယ်။ သူတို့တွေ မြန်မာနိုင်ငံ အနှံ့ စောင့်ကြည့်မှာဖြစ်ပါတယ်။ ပြည်တွင်းစောင့်ကြည့်တဲ့ သူကော၊ နိုင်ငံတာကာ စောင့်ကြည့်တဲ့ သူတွေအပါဝင် ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဟုတ်မဟုတ် အကူညီပေးစေမှာဖြစ်သလို မဲလိမ်မဲခိုးမဖြစ်အောင်လည်း အကာအကွယ်ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲအတွက် နိုင်ငံတာကာရဲ့ နည်းပညာနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ပံ့ပိုးပေးသလို ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်တဲ့ အဖွဲ့တွေကိုလည်း ပံ့ပိုးပေးတယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်းက ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး အတွေ့ကြုံတွေကိုလည်း သံအမတ်ကြီးက မေးမြန်းခဲ့တယ်လို့ မုံရွာမြို့နယ် အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းအေးက ပြောပါတယ်။

“အခက်အခဲတွေ ဘယ်လိုရှိလဲဆိုတာကို ကိုယ်စားလှယ်လောင်းကို သူကိုယ်တိုင်တိုက်ရိုက်မေးမြန်းတယ်။ မေးပြီးတော့ သူရဲ့ ပြန်ကြားချက်တွေကို လာမယ့်ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့တွေ အသုံးပြုနိုင်အောင် လာမေးတာ။ တခြားပါတီတွေကိုလည်း မေးမြန်းတွေ့ဆုံမယ်ဆိုတာ ပြောသွားတာတွေရှိပါတယ်။”

သံအမတ်ကြီးက ဒီရွေးကောက်ပွဲဟာ နိုင်ငံတာကာက အရမ်းစိတ်ဝင်စားမှုရှိနေတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အကြောင်း၊ သူတို့အနေနဲ့ ရန်ကုန်မှာပဲ စောင့်ကြည်တာမျိုးမဟုတ်ဘဲ တပြည်လုံးအနံ့  ပြည်တင်းပြည်ပ စောင့်ကြည့်ရေးကိုယ်စားလှယ်တွေကို ဖြန့်ကြက်စောင့်ကြည့်လေ့လာသွားမှာဖြစ်ကြောင်း ဒီရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ အာမမခံနိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိးစားသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013