DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ မတည်မငြိမ်ဖြစ်ချင်သူများ၏ ထောင်ချောက်ထဲ မ၀င်ကြရန် ဒေါ်စုသတိပေး
DVB
·
October 10, 2015
ရွေးကောက်ပွဲ မတည်မငြိမ်ဖြစ်ချင်သူများ၏ ထောင်ချောက်ထဲ မ၀င်ကြရန် ဒေါ်စုသတိပေး
1 / 5
Donate to DVB

ရွေးကောက်ပွဲမတိုင်မီ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့အရေးကြီးကြာင်းနဲ့ မတည်မငြိမ်ဖြစ်စေချင်တဲ့သူတွေရဲ့ ထောင်ချောက်ထဲကို ပြည်သူတွေ မ၀င်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း တိုင်ကြီးမြို့နယ်မှာ ဒီနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲအောင်ရေး မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ အခုလို ပြောကြားလိုက်တာပါ။

“ကျမတို့ ရွေးကောက်ပွဲမတိုင်မီကာလမှာ တည်တည်ငြိမ်ငြိမ်ရှိဖို့ အင်မတန်မှ အရမ်းအရေးကြီးပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်နိုင်မှ ကျမတို့ လိုချင်တဲ့ အပြောင်းအလဲတွေကို ရမှာပါ။ မတည်မငြိမ်အောင်လို့ လှုံ့ဆော်တာတွေ၊ တမင်စိတ်ဆိုးအောင်လို့ လုပ်တာတွေ ရှိရင် ပြည်သူတွေက ကိုယ့်စိတ်ကိုယ်ထိန်းပါ။ ရွေးကောက်ပွဲမတိုင်မီ မတည်မငြိမ်ဖြစ်စေချင်တဲ့သူတွေရဲ့ ထောင်ချောက်ထဲကို မ၀င်ကြပါနဲ့လို့ ကျမ သတိပေးပါရစေ။”

လူမျိုးရေးစိတ်ဓာတ်တွေ ပြင်းပျမှုတွေကြောင့် နိုင်ငံတွင်း ညီညွတ်မှု မရနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

“ကျမတို့နိုင်ငံဟာ တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စု ဖြစ်တယ်။ ဒီလိုတိုင်းရင်းသားများကြားမှာ လူမျိုးရေးစိတ်ဓာတ်တွေ သိပ်ပြင်းပြနေမယ်ဆိုရင် ဘယ်လိုလုပ် ကျမတို့ ညီညွတ်မှုရနိုင်မလဲ။ ညီညွတ်မှုမရှိတဲ့ နိုင်ငံဟာ ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ။ တိုးတက်မှုမရှိတဲ့နိုင်ငံက ဘယ်လိုလုပ် ချမ်းသာနိုင်မှာလဲ။ ချမ်းသာမှုမရှိတဲ့နိုင်ငံမှာ ပြည်သူတွေ ဘယ်လိုလုပ် စိတ်အေးအေးနဲ့ နေနိုင်မှာလဲ။ နံပါတ် ၁ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူကို တာဝန်ခံရတာ။ ပြည်သူကို ချပြရတယ်။ အများပြည်သူလက်ခံမှ ခြေလှမ်းကို စပြီး လှမ်းရတာပါ။ ဒီလိုလုပ်သွားမှ ကျမတို့နိုင်ငံရဲ့ ပြဿ     နာတွေကို ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ပြည်သူလည်း မပါလို့မဖြစ်ဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နိုင်ငံတ၀န်း လှည့်လည်ဟောပြော စည်းရုံးနေပြီး ဒီကနေ့ ရန်ကုန်တိုင်း မှော်ဘီနဲ့ တိုက်ကြီးမြို့တွေမှာ ရောက်ရှိဟောပြောခဲ့တာဖြစ်ပါတယ်။

တိုက်ကြီးမြို့နယ် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးဟောပြောပွဲကို ပြည်သူ သောင်းချီ တက်ရောက်ခဲ့ကြပြီး “မက်လုံးပေးပြီး ဆင့်ခေါ်လို့ လာတာမဟုတ်” ဆိုတဲ့ စာတမ်းတွေ၊ အန်အယ်လ်ဒီအလံတွေ ပြည်သူတွေက ကိုင်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ကောင်းထက်ကျော်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013