DVB Logo
Home
Lead Story
ဦးဌေးဦး သစ္စာဓိဋ္ဌာန်စတုဒီသာ ထူးခြားသော အာဟာရ အလှူတော် ပြုလုပ်
DVB
·
October 10, 2015
ဦးဌေးဦး သစ္စာဓိဋ္ဌာန်စတုဒီသာ ထူးခြားသော အာဟာရ အလှူတော် ပြုလုပ်
1 / 4
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး ဦးဆောင်တဲ့ သစ္စာဓဋ္ဌာန်စတုဒီသာ ထူးခြားသော အာဟာရ အလှူတော် တရပ်ကို ဒီနေ့မနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။

နတ်စင်တစ်ရာ ဆရာတော်ဘုရားကြီးကို အမှူးထားပြီး ပြည်ခိုင်ဖြိုး ပါတီ ဒုတိယဥက္ကဋ္ဌ/ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး မိသားစုက ဒေသခံတွေကို စတုဒီသာ တည်းခင်း ဧည့်ခံရာမှာ ဦးဌေးဦးကိုယ်တိုင် လုပ်အားဒါနပြုခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီအင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီအလှူပွဲကို ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးလှဌေးဝင်း၊ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း၊ ဦးသိန်းဆွေတို့ တက်ရောက်ခဲ့ပြီး စတုဒီသာ ထမင်း၊ ကြက်သားဘူးသီးချက်၊ ဘာလချောင်ကြော် စတဲ့ ထမင်း၊ ဟင်းတွေနဲ့ ဧည့်ခံခဲ့ပါတယ်။

ဓာတ်ပုံ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013