DVB Logo
Home
မြန်မာသတင်း
အစိုးရက လက်မှတ်မထိုးသည့်တပ်ဖွဲ့များကို စစ်ရေးအရ ဖိအားပေးနေဟု ယူအန်အက်ဖ်စီပြော
DVB
·
October 10, 2015
အစိုးရက လက်မှတ်မထိုးသည့်တပ်ဖွဲ့များကို စစ်ရေးအရ ဖိအားပေးနေဟု ယူအန်အက်ဖ်စီပြော
Donate to DVB

အစိုးရနဲ့ လက်မှတ်မထိုးနိုင်သေးတဲ့ တပ်ဖွဲ့တို့အပေါ် မြန်မာ့တပ်မတော်က  ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးနေတယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရဟာ နေပြည်တော်မှာ တိုင်းရင်းသားတပ်ဖွဲ့ ၈ ခုနဲ့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲကြီး အကြီးအကျယ်လုပ်ဖို့ ပြင်ဆင်နေချိန် တဘက်မှာ ကချင်နဲ့ ရှမ်းဒေသတို့မှာ ထိုးစစ်ဆင်တိုက်ပွဲတွေ အပြင်းအထန်လုပ်နေတယ်။

ဒါဟာ နှစ်ပေါင်း ၇၀ နီးပါး အင်အားသုံးဖိအားပေး ဖြေရှင်းလို့ မရနိုင်သည့် နည်းနာကို တဖန်ပြန်ပြီး အသက်သွင်းနေတာ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ပြီး အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့တဲ့ မဟာလူမျိုးကြီးဝါဒအပေါ် အခြေခံတဲ့  မူလချေမှုန်းရေး နည်းနာကို ဆက်လက်အကောင်အထည်ဖော်နေမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့  အလှမ်းဝေးနေဦးမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနီးလာချိန် အခုလို တိုက်ပွဲတွေဖော်ပြီး ရွေးကောက်ပွဲရက် နောက်ဆုတ်သွားနိုင်ဖို့ ဒါမှမဟုတ် မတည်ငြိမ်တဲ့ဒေသဆိုပြီး ပြည်သူတွေမဲပေးခွင့် မရှိအောင် ဖန်တီးပြီး အနိုင်ရအောင်ကြံစည်သလားလို့ စဉ်းစားစရာဖြစ်ရတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

သမ္မတနဲ့ အစိုးရအဖွဲ့တို့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှသည် နိုင်ငံရေးဆွေးနွေးပွဲနဲ့ အေးချမ်းစွာဖြေရှင်းရေးလို့ ပြောနေပြီး စစ်တပ်က စစ်ရေးအရှိန်မြှင့်နေတာဟာ မီးစတဘက် ရေမှုတ်တဘက် လုပ်ရပ်ဖြစ်တယ်လို့လည်း ပြစ်တင်ဝေဖန်ထားပါတယ်။

နိုင်ငံတကာနဲ့ နိုင်ငံရေးပါတီတွေ လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ ဦးသိန်းစိန်အစိုးရနဲ့ မြန်မာ့တပ်မတော်မှ ပြည်တွင်းစစ်မီး တဖန်တောက်လောင်လာစေဖို့ လုပ်ဆောင်လာနေတဲ့အပေါ် ဝေဖန်သုံးသပ်ပြီး အမှန်တရားဘက်ကနေ ရပ်တည်အကူအညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013